ရဲဘော်အောင်ဆွေဦး လွတ်ဖို့မျှော်လင့်တယ် ( ရုပ်/သံ)

  • 5 years ago
ကချင်ပြည်နာယ် မိုးညှင်းအကျဉ်းထောင်မှာ အကျဉ်းကျပြီး တရားရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(မြောက်ပိုင်း )ဒု-ဥက္ကဌ ဦးအောင်ဆွေဦး ၊ရဲဘော်မောင်ဦး နဲ့ အရပ်သားတဦးကို ဧပြီ ၁၁ ရက်နေ့ အမိန့်ချမှာ ဖြစ်ပါတယ်။

သူတို့ ၃ဦးဟာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၃၀ရက်က တပ်ဖွဲ့ဝင်တဦး နာရေးကိုသွားစဉ် တပ်မတော်ကတိုင်ကြားပြီး ဖမ်းဆီးကာ မတရားအသင်းဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇(၁)နဲ့ တရားစွဲဆိုခဲပါတယ် ။

ABSDFဟာ ၂၀၁၅ခုနှစ် အောက်တိုဘာလ ၁၅ရက်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်ဆဲရေးဆိုင်ရာ သဘောတူစာချုပ် NCAကို လတ်မှတ်ရေးထိုးထားပါတယ်။မတရားအသင်းမှပယ်ဖျက်ခံထားရပြီးနိုင်ငံရေး ဆွေးနွေးပွဲတွေမှာလဲ ပါဝင်ဆွေးနွေးနေတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ် ။

Recommended