Skip to playerSkip to main content
  • 7 years ago
ကင်မ်ယောင်ရို့ခ်ဟာ ကိုရီးယားဘာသာရေးအသိုက်အဝန်းထဲက ဘာသာရေးကိုင်းရှိုင်းတဲ့ သင်းအုပ်ဆရာတစ်ယောက်ပါ။ သမ္မာတရားကို ငတ်မွတ်သူတစ်ယောက်ဖြစ်တဲ့ သူဟာ သခင်ယေရှုရဲ့ဒုတိယအကြိမ်ကြွလာခြင်းကို မျှော်လင့်ခဲ့ပါတယ်။၂၀၁၃ ခုနှစ် တစ်ရက်မှာတော့၊ သူဟာ ချိုဆန်အီလ်ဘိုသတင်းစာမှာ အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေကို အမှတ်မထင် ဖတ်လိုက်ရတယ်။ ဩဇာအာဏာနဲ့ တန်ခိုးတော်ပြည့်ဝလွန်းနေတဲ့ အဲဒီနှုတ်ကပတ်တော်တွေဟာ သူ့အပေါ်ကို ချက်ချင်းသက်ရောက်မှုရှိခဲ့ပြီး၊ သူ့ရင်ကို ကိုင်လှုပ်ခဲ့ပါတယ်။ အနန္တတန်ခိုးရှင်ဘုရားဟာ ပြန်ကြွလာတဲ့ သခင်ယေရှုပဲလား၊ သူ အချိန်အကြာကြီး စောင့်မျှော်ခဲ့တဲ့ ကယ်တင်ရှင်ပဲလားဆိုတာ သေချာစေဖို့အတွက်၊ သူဟာ အနန္တတန်ခိုးရှင်ဘုရားရဲ့နှုတ်ကပတ်တော်တွေနဲ့ အမှုတော်ကို စတင်ရှာဖွေ ဆန်းစစ်ခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ရင်ထဲက သံသယတွေ တစ်ခုပြီးတစ်ခု ပြေလည်သွားတဲ့အခါမှာတော့၊ ကင်မ်ယောင်ရို့ခ်ဟာ ဝမ်းမြောက် စိတ်လှုပ်ရှားလွန်းတာကြောင့်၊ မြေပေါ်မှာ ဝပ်စင်းလုနီးနီး ဖြစ်ခဲ့ရတယ်။ အနန္တတန်ခိုးရှင်ဘုရားဟာ နောက်ဆုံးသောကာလအတွက် သခင်ယေရှုရဲ့ဒုတိယအကြိမ်ပြန်လာခြင်း ဖြစ်နေလို့ပါပဲ။ ကိုယ်တော်ဟာ လူတွေကြားကို တိတ်တဆိတ်ရောက်ရှိနေပြီဖြစ်ပြီး၊ တရားစီရင်ခြင်းအမှုတော်ကို ဘုရားသခင်ရဲ့အိမ်တော်ကနေ စတင်ဆောင်ရွက်နေတာလည်း ကြာခဲ့ပါပြီ။

များပြားသောအကြံပြုချက်များ

https://my.kingdomsalvation.org/about-us-questions-4.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။


တံဆိပ်များ #ဧဝံဂေလိတရား, #အသက်, #အသင်းတော်, #ဘုရားသခင်ကိုသိခြင်း, #ခရစ်ယာန်ဘာသာ
Be the first to comment
Add your comment

Recommended