နောက်ဆုံးသောကာလ ခရစ်တော်၏ မြွက်ဆိုချက်များ (ဆိုးသွမ်းသောသူသည် အပြစ်ဒဏ်ပေးခြင်းခံရမည်)
  • 5 years ago
အနန္တတန်ခိုးရှင်ဘုရားက ပြောသည် "ဘုရားသခင်သည် ပြောင်းလဲခြင်း မရှိဟု လူတို့က အမြဲယုံကြည်လေ့ရှိပြီး ဘုရားသခင်၏ အစီအမံကို နားလည်သဘောပေါက်သည့် ပုံစံနှင့် ဘုရားသခင်လုပ်ဆောင်သမျှ အရာအားလုံးသည် ကိုယ်တော့်မှာ လူ့လက်ခုပ်ထဲ ရှိဘိသည့်အလား ကျမ်းစာအရ အဓိပ္ပာယ်သတ်မှတ် ဖွင့်ဆိုကြ၏။ လူသားများမှာ အစွန်းရောက်သည်အထိ မိုက်မဲကြပြီး အဆုံးစွန် ထောင်လွှားသော မာနကိုလည်း ပိုင်ဆိုင်ထားကြကာ အားလုံးမှာ ကြီးကြီးကျယ်ကျယ် စကားပရိယာယ်ကိုလည်း ပင်ကိုတတ်နေကြ၏။ ဘုရားသခင်နှင့် ပတ်သက်ပြီး မည်မျှပင် သင်သိနေစေကာမူ၊ သင်သည် ဘုရားသခင်ကို မသိကျွမ်း၊ ဘုရားသခင်ကို ဆန့်ကျင်ဘက်ပြုနိုင်သူ တစ်ယောက်မျှမရှိ၊ ဘုရားသခင်က ပြီးပြည့်စုံအောင် ပြုပြင်ပေးထားသောလမ်းကို လိုက်မလျှောက်နိုင်၊ ဘုရားသခင်၏ လုပ်ဆာင်ချက်ကိုလည်း အဆုံးစွန်မလိုက်နာနိုင်သောကြောင့် သင်သည် ဘုရားသခင်အား ပြစ်မှားမိပြီဟု ငါပြောမည်။ အဘယ်ကြောင့် ဘုရားသခင်သည် လူတို့၏ လုပ်ဆောင်ချက်များအပေါ် မည်သည့်အခါမျှ ကျေနပ်တော်မမူနိုင်ရသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားသည် ဘုရားသခင်ကို မသိကျွမ်း၊ ထင်မြင်ယူဆချက်များ များစွာရှိကာ၊ လက်တွေ့အမှန်တရားနှင့် ချိန်ထိုးလိုက်နာရမည့်အစား ဘုရားသခင်နှင့် ပတ်သက်ပြီး သူ၏သိကျွမ်းခြင်းမှာ ဒီပုတ်ထဲက ဒီပဲသာဖြစ်ပြီး ပြုပြင်ပြောင်းလဲခြင်း မရှိဘဲ တယူသန်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် ယနေ့ခေတ်တွင် ဘုရားသခင်သည် ကမ်ဘာမြေကြီးသို့ ဆင်းကြွလာမည်ဆိုပါက လက်ဝါးကပ်တိုင်ပေါ်တွင် လူသားများမှ သံမှိုဆွဲနှက်ရိုက်ထားခြင်းကို ခံရဦးမည်ပင် ဖြစ်သည်။ ... ဘုရားသခင်ကို ကားတိုင်တော်ပေါ်တွင် နောက်တစ်ဖန်သံမှိုဆွဲနှက်ကြသော သူများထဲတွင် သင်ပါဝင်နေသလော။ အဆုံးသတ်အနေဖြင့် ငါပြောကြားမည်၊ 'ဘုရားသခင်ကို ကားတိုင်တင်ကြသော သူတို့၌ အမင်္ဂလာ ရှိစေသတည်း။

များပြားသောအကြံပြုချက်များ

https://my.kingdomsalvation.org/concerning-the-bible-4.html


အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

တံဆိပ်များ #ဘုရားသခင်၏နှုတ်ကပတ်တော်, #ဧဝံဂေလိတရား, #သမ္မာကျမ်းစာ, #သက်သေခံချက်, #တရားစီရင်သောနေ့များ, #ယုံကြည်ခြင်း
Recommended