Skip to playerSkip to main content
  • 7 years ago


ဧရာဝတီ၊ မတ် ၁၆၊ ၂၀၁၉



တနသာင်္ရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်ကို အဂတိ လိုက်စားမှုဖြင့် သက်ဆိုင်ရာက စစ်ဆေးနေချိန်တွင် ပါတီက ဆက်လက်အရေးယူရန် မရှိသေးဘဲ စောင့်ကြည့်ရဦးမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဒုတိယ ဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်က သတင်းထောက်များကို ပြောသည်။

ဝန်ကြီးချုပ်များကို ခန့်အပ်ခြင်းသည် အာဏာပေးခြင်း မဟုတ်ဘဲ တာဝန်ပေးခြင်း ဖြစ်ကြောင်း၊ ပါတီ အနေဖြင့် ပါတီ စည်းကမ်းဖောက်သူများကိုသာ စစ်ဆေးကိုင်တွယ်မည် ဖြစ်ပြီး အဂတိနှင့် သက်ဆိုင်သူများကိုမူ ကော်မရှင်က ကိုင်တွယ်လိမ့်မည် ဖြစ်ကြောင်း ၄င်းက ပြောသည်။

ဒေါ်လဲ့လဲ့မော်နှင့်အတူ တိုင်ကြားခံထားရသူ ဦးအောင်စိုးမှာမူ ပါတီ စည်းကမ်းကို ဖောက်ဖျက်ခြင်း မရှိသလို တိုင်ကြားသူလည်း မရှိသဖြင့် အရေးယူရန် မရှိကြောင်း သိရသည်။

ရိုက်ကူး - ကျော်မျိုး၊ ထက်နိုင်ဇော်

Category

🗞
News
Be the first to comment
Add your comment

Recommended