ရန်ကုန်မြို့ရှိ အငြိမ်းစားဝန်ထမ်းများ Wave Money ဖြင့် ပင်စင်ထုတ်ယူနိုင်ပြီ ( ရုပ်/သံ)

  • 5 years ago
ဧရာဝတီ၊ မတ် ၁၅၊၂၀၁၉

မြန်မာ့စီးပွားရေးဘဏ်နဲ့ Wave Money တို့ ပူးပေါင်းဆောင်ရွက်တဲ့ မိုဘိုင်း ပင်စင်ဝန်ဆောင်မှု အရ ရန်ကုန်မြို့မှာရှိတဲ့ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတွေ နီးစပ်ရာ Wave Money ကိုယ်စားလှယ် တွေဆီမှာ အခုလကုန်ပိုင်းကစတင်ပြီး ပင်စင်ထုတ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

မြန်မာစီးပွားရေးဘဏ်မှာ နိုင်ငံလုံးရှိ ပင်စင်စားဦးရေ ၇ သိန်း ၃သောင်းကျော် ထုတ်ယူနေတာ ဖြစ်ပြီး ပင်စင်စား ၃၁ရာခိုင်နှုန်း ကျော်ရှိတဲ့ ရန်ကုန်မြို့မှာ ဒီစနစ်ကို စတင်လိုက်တာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ အသုံးပြုတဲ့ အစီအစဉ်အောင်မြင်တယ်ဆိုရင် အခြား
မြို့တွေမှာလည်း လုပ်ငန်း တိုးချဲ့သွား မှာဖြစ်တယ်လို့ သိရပါတယ်။

ရိုက်ကူး - ကျော်မျိုး
တည်းဖြတ် - ဝေယံမိုးမြင့်