Skip to playerSkip to main content
  • 7 years ago
ဧရာဝတီ၊ မတ်လ ၇၊ ၂၀၁၉

မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ ပလောင်ကျေးရွာအတွင်းက ဒေါက်တာမြင့်စိန်ရဲ့ အော့ချက်ဒ် ကုမ္ပဏီလုပ်ပိုင်ခွင့် ရရှိထားတဲ့
မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧက ၅၅၀ ပေါ်မှာ စိုက်ပျိုးလုပ်ကိုင်နေထိုင်သူ အားလုံး ဖယ်ရှားထွက်ခွာပေးဖို့အတွက် ပလောင်ကျေးရွာ
ရာအိမ်မှူးအဖွဲ့က လော်စပီကာနဲ့ လိုက်လံ ကြေညာခဲ့ပါတယ်။

ရွာထဲမှာ လိုက်လံကြေညာသူ ရာအိမ်မှူးကို ပလောင်ကျေးရွာက
လယ်သမား ကိုငြိမ်းမောင်က ဓာတ်ပုံရိုက်ကူး ခဲ့တဲ့အတွက် ရာအိမ်မှူး ဦးမောင်ရင်ထွေးက နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပုဒ်မ ၁၀ နဲ့ကိုငြိမ်းမောင်ကို အမှုဖွင့်တရားစွဲဆိုခဲ့ပါတယ်။

အဆိုပါအမှုကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့က မအူပင်မြို့နယ်တရားရုံးမှာ ကြားနာခဲ့ရာမှာ မြို့နယ်တရားသူကြီးဒေါ်သင်းသင်းဇော်က လယ်သမား ကိုငြိမ်းမောင်ကို အာမခံမပေးတဲ့အတွက် ရဲတပ်ဖွဲ့က ကိုငြိမ်းမောင်ကို ဖမ်းဆီးထားခဲ့ပြီး ဖေဖ်ာဝါရီလ ၂၂ ရက်နေ့နဲ့ မတ်လ ၆ ရက်နေ့တွေမှာ အာမခံထပ်မံလျှောက်ထားရာမှာလည်း မြို့နယ်တရားသူ
ကြီးက အာမခံလျှောက်ထားမှုကို နှစ်ကြိမ်တိုင်ပယ်ချခဲ့ပါတယ်။

ရိုက်ကူး - ဆလိုင်းသန့်စင်
တည်းဖြတ် - ဝေယံမိုးမြင့်

Category

🗞
News
Comments

Recommended