Skip to playerSkip to main content
  • 7 years ago
ဧရာဝတီ၊ မတ် ၅၊ ၂၀၁၉

၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရာမှာ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို သက်ဆိုင်ရာ လွှတ်တော်တွေက တိုက်ရိုက်ခန့်ထားခွင့် ရရှိနိုင်မယ့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဥပဒေကြမ်းကို ဒီနေ့ ပြည်ထောင်စု လွှတ်တော်မှာ ဥပဒေကြမ်း ပူးပေါင်း ကော်မတီက အစီရင်ခံစာ တင်သွင်းသည့် အပေါ် တပ်မတော်က ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပုဒ်မ ၂၆၁ ပြင်ဆင်ရေး အစီရင်ခံစာ တင်သွင်းမှု အပြီးမှာ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် ဦးသောင်းအေးတို့က မတ်တပ်ရပ် ဆွေးနွေးခဲ့တဲ့အပေါ် လွှတ်တော် နာယက ဦးတီခွန်မြတ်က ခွင့်မပြုခဲ့ပါဘူး။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် မောင်မောင်ကို ဧရာဝတီက မေးမြန်းထားပါတယ်။

အင်တာဗျူး၊ ရိုက်ကူး - ထက်နိုင်ဇော်

Category

🗞
News
Comments

Recommended