Skip to playerSkip to main content
  • 7 years ago
အနန္တတန်ခိုးရှင်ဘုရားက ပြောသည် "စာတန်၏ ပြုမူဆောင်ရွက်ချက်အားလုံးသည် လူသားတွင်ထင်ရှားနေ၏။ ထို့ကြောင့် လူသား၏ ပြုမူ ဆောင်ရွက်ချက် အားလုံးသည် စာတန်၏ ဖော်ပြချက်သာဖြစ်၍ ဘုရားသခင်ကို ကိုယ်စားမပြုနိုင်။ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်ပြီး လူသား၏ စိတ်နေသဘောထားသည် ဘုရားသခင်၏ စိတ်နေ သဘောထားကို ကိုယ်စားမပြုနိုင်ပါ။ လူအချို့သည် အကျင့်ကောင်းကြ၏။ ထိုသူတို့၏ အကျင့်စာရိတ္တမှ တဆင့် ဘုရားသခင်သည် အမှုအချို့ ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ပြီး၊ ထိုသူတို့ ပြုသောအမှုကို သန့်ရှင်းသော ဝိညာဉ်တော်မှ လမ်းပြခြင်းဖြစ်သည်။ သို့သော် ထိုသူတို့၏ စိတ်နေသဘောထားသည် ဘုရားသခင်ကို ကိုယ်စားမပြုနိုင်ပါ။ ထိုသူတို့အပေါ် ဘုရားသခင်၏ အမှုသည် အတွင်းတွင် ရှိပြီးသား အရာနှင့်သာ လုပ်ကိုင်၍ ချဲ့ထွင်ခြင်းဖြစ်သည်။ ပရောဖက်များဖြစ်စေ၊ အတိတ်ကာလများက ဘုရားသခင် အသုံးပြုခဲ့သော လူသားများဖြစ်စေ၊ မည်သူမျှ သူ့ကို တိုက်ရိုက်ကိုယ်စားမပြုနိုင်။" "အကြောင်းမှာ လူသား၏ အနှစ်သာရသည် ဘုရားသခင်၏ အနှစ်သာရနှင့် မတူသောကြောင့် ဖြစ်သည်။ လူသားသည် ဘုရားဖြစ်ရန် မဆိုနှင့် ဘုရားသခင်၏ အသက်တာအတိုင်း မည်သည့်အခါမျှ နေနိုင်မည် မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်မှ လူသား၏ အသက်တာကို လမ်းပြခဲ့သည်မှာ ဘုရားသခင်မှ လူသားကို စေခိုင်းသည်နှင့် အညီသာ ဖြစ်သည်။"


သမ္မာကျမ်းစာ၏ နက်နဲမှုများအကြောင်းကို ပို၍ လေ့လာပါ
https://my.godfootsteps.org/concerning-the-bible-1.html

အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ကျေးဇူးပြု၍ ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။
Comments

Recommended