Skip to playerSkip to main content
  • 7 years ago
ပြည်ထောင်စု လွှတ်တော်က ဖွဲ့ စည်းပေးထားတဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီမှာ တပ်မတော် က ပါဝင်ဖို့ စာရင်းပေးလိုက်ပြီး ကိုယ်စားလှယ် ၈ ဦး ပါဝင်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ကော်မတီ ဖွဲ့ စည်းမှုဟာ ဥပဒေနှင့် မညီပေမယ့် ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့ပြီး ဖြစ်တဲ့အတွက် ၄င်းတို့မှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တာကြောင့် လွှတ်တော် ဥပဒေ၊ နည်းဥပဒေများနဲ့အညီ လိုက်ပါဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊
နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူလူထုကို ထိခိုက်နိုင်တဲ့ ဖွဲ့ စည်းပုံ ပြင်ဆင်ရေး ကိစ္စများ ဆွေးနွေးလာပါက ကော်မတီမှာ ကန့်ကွက် ဆွေးနွေးသွား ဖြစ်တယ်လို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြောပါတယ်။

ရိုက်ကူး - ကျော်မျိုး၊ ထက်နိုင်ဇော်

Category

🗞
News
Comments

Recommended