Skip to playerSkip to main content
  • 7 years ago
ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၀၊ ၂၀၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ရှိ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့နတ်တလူသာသနာပြုစခန်းက အစောင့်ရဟန်းယောဂီ ဦးဝရဉာဏကို ကာမလိမ်လည်ရယူတယ်လို့ ဆိုပြီး စွဲဆိုထားတဲ့အမှုကို ဖေဖော်ဝါရီ ၁၉ရက်နေ့က ကန့်ဘလူမြို့နယ်တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

၂၀၁၅ ခုနှစ်က အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးကို ဦးဝရဉာဏ ခြုံစောင် လူကြုံပါးလိုက်တယ်လို့ဆိုပြီး နေရာတခုကို ခေါ်ကာ မုဒိမ်းပြုကျင့်ခဲ့ကြောင်း သိရပါတယ်။ကိုယ်ဝန်ရှိ လာတဲ့အခါ အောင်ဖြိုးဝေ ဆိုသူနဲ့ အဓမ္မလက်ထပ်ပေးခဲ့တယ်လို့ တရားလို အမျိုးသမီးက ပြောဆိုပါတယ်။

ဒီအမှုကို ကန့်ဘလူမြို့နယ်တရားရုံးမှာ လာမယ့် မတ်လ ၅ ရက်နေ့ ထပ်မံချိန်းဆိုထားပါတယ်။

ရိုက်ကူး - ဒီလှိုင်းဝင်း

တည်းဖြတ် - ရွှေလေး

Category

🗞
News
Comments

Recommended