သေနတ်သမားကြည်လင်းနှင့် အပေါင်းအပါ ပြစ်ဒဏ်လျော့ပေါ့လွတ်မြောက်စေရန်ဟုဆိုကာ ဘုရားများတွင် လိုက်လံဆုတောင်းမှုပြုလုပ်

  • 5 years ago
သေနတ်သမားကြည်လင်းနှင့် အပေါင်းအပါ ပြစ်ဒဏ်လျော့ပေါ့လွတ်မြောက်စေရန်ဟုဆိုကာ ဘုရားများတွင် လိုက်လံဆုတောင်းမှုပြုလုပ်
===========================
တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ရန်ကုန်လေဆိပ် လူမြင်ကွင်းနေရာတွင် သေနတ်ဖြင့်ပစ်သတ်ခဲ့ သည့်အမှုနှင့်ပတ်သက်ပြီး ကျူးလွန်သူ သေနတ်သမားကြည်လင်းနှင့် အပေါင်းအပါတို့ကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်တော့မည်ဖြစ်သည်။

ထိုသို့ အပြီးသတ်အမိန့်ချရာတွင်ပြစ်ဒဏ်လျော့ပေါ့လွတ်မြောက်စေရန်အတွက် ဟုဆိုကာ ကြည်လင်းတို့ကို ၀န်းရံသူ ဦးညီညီထွန်းက ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်အတွင်း မြို့နယ် ၅ မြို့နယ်ရှိ ဘုရားများ၌ လိုက်လံ ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။

" ကိုယ်အဲ့ဒီလိုလုပ်ဖို့အတွက် စိတ်ကူးရတာတော့ ကြာပြီ။ အရမ်းဖိနှိပ်ခံနေရတဲ့ ပုဂ္ဂိုလ် (ကြည်လင်း) တစ်ယောက်အတွက်တော့ နေရာလေးတစ်ခုပေးလိုက်တာပါ။" ကြည်လင်းတို့ကို ၀န်းရံသူ ဦးညီညီထွန်း

သတင်းရိုက်ကူး/ တည်းဖြတ်- ရဲနိုင်(လောက်ကိုင်)

Recommended