Skip to playerSkip to main content
  • 7 years ago
ဧရာဝတီ၊ ဖေဖော်ဝါရီ ၆၊ ၂၀၁၉

နှစ်စဉ် ဖေဖေါ်ဝါရီလ ရောက်လျှင် ကျင်းပမြဲဖြစ်သည့် ဇင်းမယ်ဟု လူသိများသည့် ချင်းမိုင်မြို့မှ ပန်းပွဲတော်ကို ပြုလုပ်လေ့ရှိသည်။

လွန်ခဲ့သည့် နှစ်ပေါင်း လေးဆယ်ကျော်ကတည်းက ကျင်းပသည့် ပန်းပွဲတော်သည် ထိုင်းနိုင်ငံ မြောက်ပိုင်းတခွင်တွင် လူသိများပြီး၊ ယခုနှစ်တွင် တရုတ်ကမ္ဘာ့လှည့်ခရီးသွားများ အများဆုံး လာရောက်ကြသည်ကို တွေ့ရသည်။

ချင်းမိုင် ပန်းပွဲတော် (၂၀၁၉) တွင် ကျူးလစ်ပန်း၊ သစ်ခွပန်းနှင့် သစ်ကပ်ပင်များ၊ ဘွန်ဇိုင်း ခေါ် အပင်ငယ်များ ပန်းပင်အမျိုးမျိုးကို ပြသထားသလို ပန်းများဖြင့် ပြုလုပ်ထားသည့် အလှဆင်ကားများဖြင့် လှည့်လည် ပြသသည်။

ရိုက်ကူး - အောင်အောင်ထွန်း

Category

🗞
News
Comments

Recommended