Skip to playerSkip to main contentSkip to footer
  • 7 years ago
ဧရာဝတီ ၊ ဇန်နဝါရီ ၂၈၊ ၂၀၁၉

Yangon Petrol Co,Ltd က စက်သုံးဆီ အရောင်းဆိုင်ဖွင့်လှစ်ရောင်းချဖို့ တောင်ဒဂုံမြို့နယ် မြေတိုင်းရပ်ကွက် အမှတ်(၁၇) မြေကွက်အမှတ် (၁/က) မောင်းမကန်လမ်းမပေါ်က လယ်သမားပိုင်မြေကို ဇန်နဝါရီလ ၂၅ရက်နေ့ ကစပြီး ခြံစည်းရိုးကာခဲ့တယ်လို့ သိရပါတယ်။

၁၉၉၀ ခုနှစ်မှာ လယ် ၁၁.၆၃ ဧကကို သိမ်းဆည်းခံခဲ့ရပြီးနောက် ကျန်နေခဲ့တဲ့ ၀.၈၂ ဧက ပေါ်မှာ တဲတလုံးတောင် ဆောက်ခွင့်မရဘူးလို့ ပိုင်ရှင်ဖြစ်သူ ဦးသောင်းဟန်က ဧရာဝတီကို ပြောပြပာတယ်။ အဲဒီလက်ကျန် မြေကွက်ကို ပြန်လည်ရရှိနိုင်ဖို့ နေပြည်တော်ရုံးကို အကြိမ်ကြိမ် စာတင်ခဲ့ကြပြီး ဒီမြေကွက်ကို ပြန်လည်စီစစ်ပေးဖို့လဲ သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို အမိန့်စာကျပြီး ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဒီလုပ်ဆောင်မှုတွေနဲ့ ပတ်သတ်ပြီး Yangon Petrol Co,.Ltd က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်တာဖြစ်ကြောင်း လုပ်ငန်းရှင်တွေက မြေပိုင်ရှင်တွေကို ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ရိုက်ကူး/ တည်းဖြတ်- အဲမလီ

Category

🗞
News

Recommended