Skip to playerSkip to main contentSkip to footer
  • 7 years ago
မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းစောင်းက ဂန္ထဝင်ပုဂ္ဂိုလ်ကြီးတွေ နားခိုရာ နေရာ တခုအဖြစ် တောင်လေးလုံးကွန်သာယာ စီမံကိန်းကို မန္တလေးက စာရေးဆရာတွေနဲ့ စာပေ ချစ်သူ တွေ စုပေါင်းပြီး ဂန္ထဝင်တောင်လေးလုံးချစ်သူများအဖွဲ့ ဖွဲ့ကာ လုပ်ဆောင်နေပါတယ်။

တောင်လေးလုံးကွန်သာယာဟာ လင်းဇင်းကုန်းသုဿန်နဲ့ တဆက်တည်းတည်ရှိပြီး အောင်ခြင်းရှစ်ပါးဆရာတော်ကြီးရဲ့ အရိုးအိုးဂူစေတီ၊ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ဂူဗိမာန်၊ ဆရာတော်ဦးပညာ အရိုးအိုးဂူဗိမာန်တွေ တည်ရှိတာဖြစ်ပါတယ်။

Category

🗞
News

Recommended