စစ်ကိုင်းတိုင်းရှိ ဒုတိယကမ္ဘာစစ်က ဂျပန်မြေအောက်ဆေးရုံကို တူးဖော်နေ

  • 5 years ago
စစ်ကိုင်းတိုင်းရှိ ဒုတိယကမ္ဘာစစ်က ဂျပန်မြေအောက်ဆေးရုံကို တူးဖော်နေ
*****************************
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ကြာအင်းကျေးရွာမှာ ရှိတဲ့ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်မြေအောက်ဆေးရုံကို နိုင်ငံတော်ဘတ်ဂျက်မပါဘဲ ကိုယ်စရိတ်နဲ့ ကိုယ် ဒေသခံတွေက တူးဖော်နေကြပါတယ်။

အဆိုပါဆေးရုံတူးဖော်ပြီးနောက် ကမ္ဘာ့လှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်လာနိုင်မယ့် အထင်ကရနေရာတစ်ခုအဖြစ် ရှိလာဖို့ ဒေသခံတွေက ယုံကြည်နေကြပြီး၊ အဲဒီလို တူးဖော်မှုကို ဆက်လက် လုပ်ဆောင်နိုင်ဖို့ ပြည်ထောင်စုကို တင်ပြသွားမယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က လာရောက်လေ့လာပြီးစဉ်မှာ ပြောပါတယ်။ ဆေးရုံတူးဖော်နေစဉ်အတွင်း အနီးအနားက ဂျပန်စစ်သားသုံး အသုံးအဆောင်ပစ္စည်းများကိုပါ တွေ့ရှိခဲ့ပါတယ်။

ရိုက်ကူး ၊ တည်းဖြတ် - ဘုန်းနိုင်ဖြိုး

Recommended