Skip to playerSkip to main content
  • 7 years ago
ကျောက်မီးသွေးစက်ရုံကိစ္စ ဆန္ဒပြမှု ရဲတပ်ဖွဲ့ဖျြိခွင်း
********************************

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီး တည်ဆောက်နေသည့် ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာ ဘိလပ်မြေစက်ရုံ စီမံကိန်းဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးထားသော တောင်သူများကို အမြန်ဆုံးလွှတ်ပေးရန် ယနေ့ မေ ၁၅ ရက် နံနက်ပိုင်းက အောင်သပြေကျေးရွာမှ ရွာသူရွာသားများက ကျေးရွာအဝင်လမ်းကို ပိတ်ဆို့ကာ ဆန္ဒပြခဲ့ခြင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖြိုခွဲမှုများရှိကြောင်း သိရသည်။

ရိုက်ကူး ဘိုဘို မဇ္ဈိမ

ထိုသို့ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံ ၂၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သတင်းထောက် ၁ ဦးအပါအဝင် ၃ ဦး ဖမ်းဆီးထားသည်ဟု ဒေသခံများက ဆိုသည်။

Category

🗞
News
Comments

Recommended