Skip to playerSkip to main contentSkip to footer
  • 7 years ago
ဧရာဝတီ ၊ ဒီဇင်ဘာ ၂၆ ၊ ၂၀၁၈

စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ ဧမြဇေယျာချောင်၊ဝိမလာရာမတိုက်မှ နှင်ထုတ်ခြင်းခံရသည့် သီလရှင် ဆရာကြီး ဒေါ်ကေသာဝတီသည် သီတင်းသုံးနေထိုင်ရေး အတွက် အခက်အခဲဖြစ်နေကြောင်း ဒီဇင်ဘာ ၂၃ရက်နေ့ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ဧမြဇေယျာချောင်၊ ဝိမလာရာမတိုက်တွင် သီတင်းသုံးနေထိုင်ခဲ့သော ဆရာကြီး ဒေါ်ကေသာဝတီမှာ ယခုအခါ ဧမြဇေယျာချောင်၏ အနောက်ဘက်တွင် ထီးမိုးကာဖြင့် နေထိုင်လျက် ရှိသည်။

အာက်တိုဘာ ၂၅ရက်နေ့က သီလရှင်ဆရာကြီး ဒေါ်ကေသာဝတီနှင့်အတူ ကျန်းမာရေး မကောင်းသော အသက်၉၀ကျော်အရွယ် ၎င်း၏ဖခင်တို့အား ကျောင်းတိုက်အတွင်း နေထိုင်ခြင်းမရှိစေရန် ဆွဲထုတ်ခံခဲ့ရသည်။အကြောင်းအရင်းမှာ သီတင်းသုံးနေထိုင်ရာ အဆောင်ကို ခွင့်ပြုချက်မယူဘဲ အမိုးမိုးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

ရိုက်ကူး- ဒီလှိုင်းဝင်း

Category

🗞
News

Recommended