One Championship ၏ စီအီးအို Mr. Chatri Sityodtong( Founder,Chairman and CEO,One Championship ) က မြန်မာပရိသတ်တွေ အောင်လအန်ဆန်ကို အားပေးမှုနှင့် ပတ်သက်ပြီး အခုလို

  • 6 years ago
One Championship ၏ စီအီးအို Mr. Chatri Sityodtong( Founder,Chairman and CEO,One Championship ) က မြန်မာပရိသတ်တွေ အောင်လအန်ဆန်ကို အားပေးမှုနှင့် ပတ်သက်ပြီး အခုလို ပြောသည်။

" ရေဒီယို ၊ TV ၊ မီဒီယာတွေကိုဖြတ်ပြီး ထောင်ပေါင်းများစွာသော ပရိသတ်တွေက အောင်လရဲ့ လုပ်ဆောင်မှုတွေကို မြင်ရတယ်။ ဆိုရှယ်မီဒီယာမှာလည်း အဲလိုပါပဲ။ အဲဒီညမှာ အားကစားရုံ (သုဝဏ္ဏ) မှာ လူ ၄၀၀၀ လောက်က အောင်လ.. အောင်လ ... အောင်လ ဆိုပြီး အော်ဟစ်နေကြတယ်။ တစ်နိုင်ငံလုံးကလည်း TV Live ၊ ဒစ်ဂျစ်တယ်ကနေ ကြည့်နေကြတယ်။ အောင်လနဲ့ ဗစ်တက်ရှ်တို့ ကြိုးဝိုင်းအလယ်မှာဆုံကြတယ်”ဟု Mr. Chatri Sityodtong( Founder,Chairman and CEO,One Championship )က ပြောသည်။

သူက မြန်မာပရိသတ်တွေကို ကျေးဇူးတင်ပါတယ်ဟု စင်ကာပူနိုင်ငံ၊ JA Marriott ဟိုတယ်၊ နိုဝင်ဘာလ ၈ ရက်တွင် Global Martial Arts Summit တွင် ပြောခဲ့သည်။

ရိုက်ကူး-မဇ္ဈိမ

Recommended