Skip to playerSkip to main content
  • 7 years ago
ဦးပိန်တံတားကို မူလလက်ရာအတိုင်း ပြုပြင်ထိန်းသိမ်းသွားမည် (ရုပ်/သံ)

ဧရာဝတီ ၊ အောက်တိုဘာ ၉ ၊ ၂၀၁၈

ဦးပိန်တံတား ရေရှည်တည်တံ့နိုင်ရေးအတွက် သိပ္ပံနည်းကျထိန်းသိမ်းနိုင်ရန် လေ့လာခြင်းများကို ဂျာမဏီနိုင်ငံမှ ရှေးဟောင်းသစ် အဆောက်အဦများ ထိန်းသိမ်းရေးပညာရှင် Karl Kleineberg နှင့်အဖွဲ့၊ နည်းပညာတက္ကသိုလ်(မန္တလေး)မှ ဗိသုကာကျောင်းသား ၊ကျောင်းသူများ ပူးပေါင်း၍ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ယခုစီမံကိန်းကို ဂျာမဏီနိုင်ငံ၏ ကူညီထောက်ပံ့မှုများဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ TH Georg Agricola University မှ ပညာရှင်များက နည်းပညာပိုင်း ဆိုင်ရာများကို ကူညီပေးခဲ့ခြင်းဖြစ်သည်။

ရိုက်ကူး- ဒီလှိုင်းဝင်း

တည်းဖြတ်-ဝေယံမိုးမြင့်

Category

😹
Fun
Comments

Recommended