၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ သောကြောနေ့ မနက် အတွက် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွေကို လန်ဒန်မြို့ကနေ တိုက်ရိုက် ထုတ်လွှင့် နေပါတယ်။ ဒီမနက် သတင်းတွေထဲ …. ပြည
  • 6 years ago
၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်၊ သောကြောနေ့ မနက် အတွက် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွေကို လန်ဒန်မြို့ကနေ တိုက်ရိုက် ထုတ်လွှင့် နေပါတယ်။

ဒီမနက် သတင်းတွေထဲ …. ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အဆုံးအဖြတ် ပေးနိုင်တဲ့ ထိပ်သီး ခေါင်းဆောင်တွေ ရွှေစံအိမ် ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြီး တွေ့ခဲ့ကြပေမယ့်လည်း ခွဲမထွက်ရ ဝေါဟာရ၊ တစ်ခုတည်းသော တပ်မတော် စတာတွေနဲ့ ပတ်သက်ပြီး ဘာ့ကြောင့် တိကျ ရေရာတဲ့ အဖြေ တစုံတရာ မထွက် ခဲ့ရတာလဲ …. ကေအဲန်ယူ ထိပ်တန်း ခေါင်းဆောင်နဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်းနဲ့အတူ၊ ရှမ်းပြည်နယ်ထဲမှာတော့ တိုက်ပွဲငယ်တွေ ဆက်ရှိနေတဲ့ ပြည်တွင်းသတင်းတွေ နားထောင်ရဖို့ ရှိပါတယ်။

တခါ … အသတ်ခံထားရနိုင်တဲ့ သတင်းစာဆရာ ခါရှော့ဂျီ အရေးနဲ့ ပတ်သက်ပြီး ဆော်ဒီ အစိုးရကို ဖြေရှင်းခွင့် အချိန်တိုးပေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက တိုက်တွန်း နေတဲ့ ထိပ်တန်း သတင်းတွေလည်း တင်ဆက် ပေးပါ့မယ်။ #ဘီဘီစီမြန်မာပိုင်း
Recommended