Skip to playerSkip to main content
  • 7 years ago
ခ်စ္သူနဲ႔ လက္ထပ္လုိက္ၿပီး သမၼတ ထရမ့္နဲ႔ ေဆြမ်ိဳးေတာ္စပ္သြားတဲ့ စူပါေမာ္ဒယ္လ္ ကာလီကေလာ့စ္

ေအာက္တိုဘာ - ၁၉ ၊၂၀၁၈

စူပါေမာ္ဒယ္လ္ ကာလီကေလာ့စ္ဟာ ကာလရွည္ လက္တြဲေနတဲ့ ခ်စ္သူ ဂ်ိဳ႐ွဴအာ ကူရွ္နာနဲ႔ လက္ထပ္လုိက္တဲ့ေနာက္ အေမရိကန္ သမၼတ ေဒၚနယ္လ္ထရမ့္နဲ႔လည္း ေဆြမ်ိဳး ေတာ္စပ္သြားၿပီ ျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ ကာလီဟာ စီးပြားေရး လုပ္ငန္းရွင္ တစ္ဦးျဖစ္တဲ့ ဂ်ိဳ႐ွဴအာနဲ႔ လက္ထပ္ခဲ့တဲ့ သတင္းကို ေအာက္တိုဘာ ၁၈ ရက္က Instagramေပၚမွာ အတည္ျပဳ ေဖာ္ျပခဲ့ပါတယ္။ သူတို႔ႏွစ္ဦးဟာ ၂၀၁၂ ကတည္းက တြဲေနခဲ့ၾကတာပါ။

မဂၤလာ သတင္းကို ေၾကညာလုိက္တဲ့ အခါမွာေတာ့ လူမႈကြန္ရက္ မီဒီယာေပၚမွာ နာမည္ေက်ာ္ အႏုပညာရွင္ေတြ၊ စီးပြားေရး လုပ္ငန္းရွင္ေတြ အပါအဝင္ သူတို႔ရဲ႕ မိတ္ေဆြရင္းခ်ာေတြက အသစ္စက္စက္ မဂၤလာ စံုတြဲကို ဂုဏ္ျပဳစကားေတြ မွ်ေဝခဲ့ၾကပါတယ္။

ကာလီရဲ႕ ခင္ပြန္းသည္ ဂ်ိဳ႐ွဴအာဟာ အေမရိကန္ အစိုးရ အႀကီးတန္း အႀကံေပး အရာရွိ ဂ်ရတ္ ကူရွ္နာရဲ႕ ညီအရင္း ျဖစ္ပါတယ္။ ဂ်ရတ္ဟာ သမၼတ ထရမ့္ရဲ႕ သားမက္လည္း ျဖစ္တာေၾကာင့္ အခုဆိုရင္ ကာလီဟာ ထရမ့္နဲ႔ေတာင္ ေဆြမ်ိဳးစပ္လုိ႔ ရသြားၿပီလုိ႔ ဆိုႏုိင္ပါတယ္။

ကာလီနဲ႔ ဂ်ိဳ႐ွဴအာတို႔ရဲ႕ မဂၤလာပြဲကို နယူးေယာက္မွာ က်င္းပခဲ့ၿပီး အထူးသီးသန္႔ ဧည့္သည္ေတာ္ ၈၀ ေလာက္ကိုပဲ ေရြးခ်ယ္ ဖိတ္ၾကားခဲ့တယ္လုိ႔ သိရပါတယ္။

Unicode

ချစ်သူနဲ့ လက်ထပ်လိုက်ပြီး သမ္မတ ထရမ့်နဲ့ ဆွေမျိုးတော်စပ်သွားတဲ့ စူပါမော်ဒယ်လ် ကာလီကလော့စ်

အောက်တိုဘာ - ၁၉ ၊၂၀၁၈

စူပါမော်ဒယ်လ် ကာလီကလော့စ်ဟာ ကာလရှည် လက်တွဲနေတဲ့ ချစ်သူ ဂျိုရှူအာ ကူရှ်နာနဲ့ လက်ထပ်လိုက်တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့လည်း ဆွေမျိုး တော်စပ်သွားပြီ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် ကာလီဟာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ဂျိုရှူအာနဲ့ လက်ထပ်ခဲ့တဲ့ သတင်းကို အောက်တိုဘာ ၁၈ ရက်က Instagramပေါ်မှာ အတည်ပြု ဖော်ပြခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၂ ကတည်းက တွဲနေခဲ့ကြတာပါ။

မင်္ဂလာ သတင်းကို ကြေညာလိုက်တဲ့ အခါမှာတော့ လူမှုကွန်ရက် မီဒီယာပေါ်မှာ နာမည်ကျော် အနုပညာရှင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ အပါအဝင် သူတို့ရဲ့ မိတ်ဆွေရင်းချာတွေက အသစ်စက်စက် မင်္ဂလာ စုံတွဲကို ဂုဏ်ပြုစကားတွေ မျှဝေခဲ့ကြပါတယ်။

ကာလီရဲ့ ခင်ပွန်းသည် ဂျိုရှူအာဟာ အမေရိကန် အစိုးရ အကြီးတန်း အကြံပေး အရာရှိ ဂျရတ် ကူရှ်နာရဲ့ ညီအရင်း ဖြစ်ပါတယ်။ ဂျရတ်ဟာ သမ္မတ ထရမ့်ရဲ့ သားမက်လည်း ဖြစ်တာကြောင့် အခုဆိုရင် ကာလီဟာ ထရမ့်နဲ့တောင် ဆွေမျိုးစပ်လို့ ရသွားပြီလို့ ဆိုနိုင်ပါတယ်။

ကာလီနဲ့ ဂျိုရှူအာတို့ရဲ့ မင်္ဂလာပွဲကို နယူးယောက်မှာ ကျင်းပခဲ့ပြီး အထူးသီးသန့် ဧည့်သည်တော် ၈၀ လောက်ကိုပဲ ရွေးချယ် ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

Category

😹
Fun
Be the first to comment
Add your comment

Recommended