Skip to playerSkip to main content
  • 7 years ago
စူပါမော်ဒယ်လ်တွေဟာ အမြဲတမ်း ကျော့မော့ ပြည့်စုံမနေဘူးဆိုတဲ့ အရီနာရှေးခ်

အောက်တိုာဘာ-၁၄

စူပါမော်ဒယ်လ် တစ်ယောက်ရဲ့ ဘဝဟာ အချိန်တိုင်း ကျော့မော့ ပြည့်စုံနေတယ် ဆိုတာမျိုး ပရိသတ်တွေက မြင်နေတာဟာ မှားယွင်းကြောင်း အရီနာရှေးခ်က ပြောကြားလိုက်ပါတယ်။

ရုရှားနွယ်ဖွား အရီနာဟာ Victoria’s Secret အမျိုးသမီး အတွင်းခံဖက်ရှင် အမှတ်တံဆိပ် ကိုယ်စားပြု မော်ဒယ်လ် တစ်ယောက်အဖြစ် ရပ်တည်ခဲ့သလို ကမ္ဘာ့အလှဆုံး စာရင်းဝင် စူပါမော်ဒယ်လ် တစ်ယောက် အနေနဲ့လည်း သတ်မှတ် ခံထားရပါတယ်။

လူတွေက စူပါမော်ဒယ်လ် တစ်ယောက်ဟာ အချိန်တိုင်း ကျော့မော့လှပနေတယ်လို့ အမြင်မှားနေပေမယ့် တကယ်တမ်းမှာတော့ သူတို့ရဲ့ ဘဝဟာ လျှောက်လမ်းတွေ၊ ရိုက်ကွင်းတွေရဲ့ အပြင်ဖက်မှာ သာမန် မိန်းကလေးတွေနဲ့ အတူတူသာ ဖြစ်တယ်လို့ အရီနာက ဆိုပါတယ်။

ချစ်သူ ဟောလိဝုဒ်မင်းသား ဘရက်ဒ်လေကူးပါးနဲ့ သမီးလေးတစ်ဦး ဖွားမြင်ထားတဲ့ အရီနာက သူ့ရဲ့ ပရော်ဖက်ရှင်နယ် အလုပ်တွေ မရှိချိန်မှာ သာမန်မိခင်တစ်ယောက်၊ သာမန် အမျိုးသမီးတစ်ယောက် ဘဝနဲ့သာ ဖြတ်သန်းနေတာလို့ ရှင်းပြပါတယ်။ အိပ်ရာက နိုးထလာတိုင်း သူဟာ စူပါမော်ဒယ်လ် တစ်ယောက်မို့ အရမ်း ပြည့်စုံနေတယ်ဆိုတဲ့ ခံစားချက်မျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့လည်း အရီနာက ဆိုတယ်။

ဒါ့အပြင် စူပါမော်ဒယ်လ် တစ်ဦးဖြစ်စေ၊ သာမန် မိန်းကလေး တစ်ယောက်ဖြစ်စေ ကိုယ့်ကိုယ်ပိုင် ဘ၀အပေါ် ယုံကြည်မှု အပြည့်အဝ ထားရှိဖို့တော့ လိုအပ်တယ်လို့လည်း အသက် ၃၂ နှစ်အရွယ် အရီနာက တိုက်တွန်း အကြံပြုသွားခဲ့ပါတယ်။

Category

😹
Fun
Comments

Recommended