Skip to playerSkip to main content
  • 7 years ago
ဆက်သွယ်ရေးပုဒ်မ၆၆ဃ ပုဒ်မနဲ့အမှုဖွင့်ခံရတဲ့ ဘဝအလင်းဆရာတော် ရဲစခန်းမှာ လာရောက်အစစ်ဆေးခံ

ဘဝအလင်းပရဟိတအသင်းကို ဦးဆောင်နေတဲ့ ဆရာတော် ဦးသောဘိတကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းကနေ တရားလိုလုပ်ပြီး ဆက်သွယ်ရေးပုဒ်မ ၆၆ဃနဲ့အရေးယူပေးဖို့ အမရပူရမြို့မရဲစခန်းမှာ စက်တင်ဘာ ၂၂ ရက်က အမှုဖွင့်ထားတာပါ။

အရင်ရက်က အဆင်သင့်မဖြစ်သေးလို့ဆိုပြီး ဒီကနေ့မှ လာရောက်အစစ်ခံခဲ့တာမှာ ဥပဒေအရ အာမခံပေးလိုက်ပါတယ်။

ဒီအမှုကို ရုံးတင်စစ်ဆေးတဲ့အခါ ရှေ့နေများကွန်ယက်က တရားလွှတ်တော်ရှေ့နေတွေဖြစ်တဲ့ ဦးအောင်သိန်း ၊ ဦးသိန်းသန်းဦးနဲ့ ဒေါ်ရွက်နုအောင်တို့က လိုက်ပါဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော် နို့စားနွားမွေးမြူရေးခြံစစ်ဆေးနေတဲ့ပုံတင်ပြီး နွားခြံထဲ နွားဝင်နေတယ်လို့ရေးသားတာတွေ ဘားအံထောင်က အကျဉ်းသားတွေထောက်ဖေါက်ပြေးတာမှာ တပ်ချုပ်အမိန့်မပါဘဲ လုပ်ရဲမှာမဟုတ်ဘူးလို့ ရေးတာအပြင် ပြည်သူတွေအပေါ်စေတနာရှိရင် ပြည်သူမပေးတဲ့တာဝန်တွေမယူပဲ စစ်တန်းလျားပြန်ပါ စတာတွေရေးထားတာဟာ တပ်မတော်နဲ့ တပ်မတော်သားတွေအပေါ် ဂုဏ်သိက္ခာထိခိုက်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ တပ်မတော်ဘက်က အမှုဖွင့်ထားတာဖြစ်ပါတယ်။

ဒီကိစ္စကြောင့် ဆရာတော်သီတင်းသုံးတဲ့ အမရပူရ မဟာဂန္ဓာရုံကျောင်းတိုက်က ဆရာတော်ကို နေခွင့်မပေးတော့ပဲ ကျောင်းတိုက်က ထုတ်ပယ်ခံထားရပါတယ်။

#ဘီဘီစီမြန်မာပိုင်း #ဘဝအလင်းဆရာတော် #၆၆ဃ

Category

😹
Fun
Comments

Recommended