Skip to playerSkip to main content
  • 8 years ago
ဧရာဝတီ ၊ အောက်တိုဘာ ၁၂ ၊ ၂၀၁၈

ရန်ကုန်မြို့တွင်းက အမည်တပ်လမ်းမကြီးတွေမှာ ကားပါကင်ကြေးကောက်ခံမှုကို မနက်(၈)နာရီကနေ ညနေ(၆)နာရီထိ ၁နာရီကို ကျပ် ၂၀၀ နှုန်းနဲ့ အောက်တိုဘာလ (၁)ရက်နေ့မှ စပြီး ကောက်ခံသွားမယ်လို့ ကြေငြာခဲ့ပေမယ့် တချို့ဇုန်တွေက တင်ဒါလုပ်ငန်းစဉ် မပြီးဆုံးသေးတဲ့အတွက် ကားပါကင်ကြေးကောက်ခံမှုကို နောက်ဆုတ်ထားတယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်က ရပ်နားခဲ့တဲ့ ကားပါကင်ကြေး ကောက်ခံမှုကို အခုပြန်လည်ကောက်ခံမယ်လို့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေလဲ ရှိနေပါတယ်။

ရိုက်ကူး- ရွှေလေး ၊ သဇင်လှိုင်

တည်းဖြတ်- ရွှေလေး

Category

🗞
News
Comments

Recommended