Skip to playerSkip to main content
  • 7 years ago
ကျပ်သိန်း ၁သောင်းကျော် တန်ဖိုးရှိ နှလုံးရောဂါ စမ်းသပ်စက် အသစ် နေပြည်တော်တွင် ဖွင့်လှစ် (ရုပ်/သံ)

ဧရာဝတီ၊ အောက်တိုဘာ ၈၊ ၂၀၁၈

နှလုံးရောဂါရှိသူ ဝေဒနာရှင်များကို အထူးကုသပေးနိုင်သည့် နှလုံးသွေးကြော ရောဂါစမ်းသပ်ခန်းအတွက် ဂျာမနီနိုင်ငံထုတ် စက်အသစ်တပ်ဆင် ဖွင့်လှစ်ပွဲကို ယနေ့ နံနက် ပိုင်းက နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံတွင် ကျင်းပခဲ့ရာ ကျန်းမာရေး ဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ကြသည်။

မြန်မာကျပ်ငွေ သိန်းပေါင်း ၁၅၀၀၀ နီးပါး တန်းဖိုးရှိသော ယင်းစက်ကြီးကို အသစ်ဝယ်ယူ ဖြည့်တင်းနိုင်ခဲ့သဖြင့် နှလုံးရောဂါသည်များအတွက် ဝမ်းသာစရာ ကိစ္စတခု ဖြစ်ကြောင်း၊ စက်သစ်ကြီး တပ်ဆင်ပြီးကာလအတွင်း နှလုံးရောဂါ ဝေဒနာ အမျိုးမျိုး ခံစားနေရသူ ၈ ဦးစလုံးကို အောင်မြင်စွာ ကုသပေးနိုင်ခဲ့ကြောင်း ကုတင် ၁၀၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာ ပပက ပြောဆိုခဲ့သည်။

ရိုက်ကူး - ထက်နိုင်ဇော်/ဧရာဝတီ

Category

😹
Fun
Comments

Recommended