အေမရိကန္မွာ ပထမဆံုး ႐ံုတြင္း ေဖ်ာ္ေျဖပြဲ က်င္းပႏုိင္ခဲ့တဲ့ K-Popအဖဲြ႕ ျဖစ္လာတဲ့ BTSေအာက္တိုဘာ - ၈၊၂၀၁၈BTSဟာ အေမရိကန္မွာ ႐ံုတြင္း ေဖ်ာ္ေျဖပြဲႀကီး က်င္းပႏုိင္

  • 6 years ago
အေမရိကန္မွာ ပထမဆံုး ႐ံုတြင္း ေဖ်ာ္ေျဖပြဲ က်င္းပႏုိင္ခဲ့တဲ့ K-Popအဖဲြ႕ ျဖစ္လာတဲ့ BTS

ေအာက္တိုဘာ - ၈၊၂၀၁၈

BTSဟာ အေမရိကန္မွာ ႐ံုတြင္း ေဖ်ာ္ေျဖပြဲႀကီး က်င္းပႏုိင္တဲ့ ပထမဆံုး ေတာင္ကိုရီးယား ဂီတအဖြဲ႕အျဖစ္ မွတ္တမ္းသစ္ ေရးထိုးႏုိင္ခဲ့ပါတယ္။

ေအာက္တိုဘာ ၆ ရက္က နယူးေယာက္မွာရွိတဲ့ CitiField အားကစား႐ံုထဲမွာ BTS အဖြဲ႕ရဲ႕ ေဖ်ာ္ေျဖပြဲကို က်င္းပခဲ့တာ ျဖစ္ပါတယ္။ နာမည္ေက်ာ္ အမ်ိဳးသား K-Pop အဖြဲ႕ရဲ႕ ေဖ်ာ္ေျဖပြဲ လက္မွတ္ေတြကို စတင္ ေရာင္းခ်ၿပီး မိနစ္ပိုင္း အၾကာမွာတင္ လက္မွတ္ ေလးေသာင္းေက်ာ္စလံုး ေရာင္းကုန္သြားတယ္လုိ႔ ပြဲစီစဉ္သူေတြက ေျပာပါတယ္။
ေဖ်ာ္ေျဖပြဲ မတိုင္ခင္ ကတည္းကလည္း ပရိသတ္ေတြက အားကစား႐ံုေ႐ွ႕မွာ လာေရာက္ တန္းစီ ေစာင့္ဆိုင္းေနတာကို ေတြ႕ရပါတယ္။

လူငယ္ ၇ ဦးနဲ႔ ဖြဲ႕စည္းထားတဲ့ BTS အဖြဲ႕ဟာ CitiField အားကစား႐ံုႀကီးထဲမွာ ၃ နာရီ နီးပါးေလာက္ အင္ျပည့္အားျပည့္ ကခုန္ သီဆို ေဖ်ာ္ေျဖခဲ့တာေၾကာင့္ ပရိသတ္ေတြ အႀကိဳက္ေတြ႕ ေက်နပ္ခဲ့ပါတယ္။ သူတုိ႔ဟာ နာမည္ေက်ာ္ Idol သီခ်င္းနဲ႔ ပြဲကို စဖြင့္ခဲ့ၿပီး DNA၊ Fake Loveတို႔လုိ လူႀကိဳက္မ်ားတဲ့ သီခ်င္းေတြကိုလည္း သီဆိုခဲ့ၾကပါတယ္။

BTSဟာ အေမရိကန္ ဂီတရပ္ဝန္းကို အထုိးေဖာက္ႏုိင္ဆံုး K-Pop အဖြဲ႕ျဖစ္လာၿပီး Billboard 200 စာရင္းမွာလည္း ႏွစ္ႀကိမ္တိုင္တိုင္ ထိပ္ဆံုးေနရာက ရပ္တည္ခဲ့ၿပီး ျဖစ္ပါတယ္။

Unicode

အမေရိကန်မှာ ပထမဆုံး ရုံတွင်း ဖျော်ဖြေပွဲ ကျင်းပနိုင်ခဲ့တဲ့ K-Popအဖွဲ့ ဖြစ်လာတဲ့ BTS

အောက်တိုဘာ - ၈၊၂၀၁၈

BTSဟာ အမေရိကန်မှာ ရုံတွင်း ဖျော်ဖြေပွဲကြီး ကျင်းပနိုင်တဲ့ ပထမဆုံး တောင်ကိုရီးယား ဂီတအဖွဲ့အဖြစ် မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

အောက်တိုဘာ ၆ ရက်က နယူးယောက်မှာရှိတဲ့ CitiField အားကစားရုံထဲမှာ BTS အဖွဲ့ရဲ့ ဖျော်ဖြေပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ နာမည်ကျော် အမျိုးသား K-Pop အဖွဲ့ရဲ့ ဖျော်ဖြေပွဲ လက်မှတ်တွေကို စတင် ရောင်းချပြီး မိနစ်ပိုင်း အကြာမှာတင် လက်မှတ် လေးသောင်းကျော်စလုံး ရောင်းကုန်သွားတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။
ဖျော်ဖြေပွဲ မတိုင်ခင် ကတည်းကလည်း ပရိသတ်တွေက အားကစားရုံရှေ့မှာ လာရောက် တန်းစီ စောင့်ဆိုင်းနေတာကို တွေ့ရပါတယ်။

လူငယ် ၇ ဦးနဲ့ ဖွဲ့စည်းထားတဲ့ BTS အဖွဲ့ဟာ CitiField အားကစားရုံကြီးထဲမှာ ၃ နာရီ နီးပါးလောက် အင်ပြည့်အားပြည့် ကခုန် သီဆို ဖျော်ဖြေခဲ့တာကြောင့် ပရိသတ်တွေ အကြိုက်တွေ့ ကျေနပ်ခဲ့ပါတယ်။ သူတို့ဟာ နာမည်ကျော် Idol သီချင်းနဲ့ ပွဲကို စဖွင့်ခဲ့ပြီး DNA၊ Fake Loveတို့လို လူကြိုက်များတဲ့ သီချင်းတွေကိုလည်း သီဆိုခဲ့ကြပါတယ်။

BTSဟာ အမေရိကန် ဂီတရပ်ဝန်းကို အထိုးဖောက်နိုင်ဆုံး K-Pop အဖွဲ့ဖြစ်လာပြီး Billboard 200 စာရင်းမှာလည်း နှစ်ကြိမ်တိုင်တိုင် ထိပ်ဆုံးနေရာက ရပ်တည်ခဲ့ပြီး ဖြစ်ပါတယ်။

Recommended