မႏၱေလးၿမိဳ႕တြင္ ေန႔ခင္းေၾကာင္ေတာင္ ေသနတ္ပစ္ခတ္မႈျဖစ္ပြားၿပီး ၁ ဦးေသဆံုးၾသဂုတ္-၁၃ ၊၂၀၁၈မႏၱေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၅၅ လမ္းေပၚမွာ ဒီေန႔မနက္ ၁၁ နာရီခန္႔က

  • 6 years ago
မႏၱေလးၿမိဳ႕တြင္ ေန႔ခင္းေၾကာင္ေတာင္ ေသနတ္ပစ္ခတ္မႈျဖစ္ပြားၿပီး ၁ ဦးေသဆံုး

ၾသဂုတ္-၁၃ ၊၂၀၁၈

မႏၱေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၅၅ လမ္းေပၚမွာ ဒီေန႔မနက္ ၁၁ နာရီခန္႔က အမ်ိဳးသား၁ ဦးနဲ႔ အမ်ိဳးသမီး ၁ ဦး ေသနတ္နဲ႔ ပစ္ခံခဲ့ရပါတယ္။

ေသနတ္ပစ္သူေတြဟာ အမ်ိဳးသားႏွစ္ဦး ျဖစ္ၿပီး ေသနတ္နဲ႔ ပစ္သြားၿပီးထြက္ေျပးရာကေန အနီးက ဖိနပ္ဆိုင္က ထြက္လာတဲ့မိန္းကေလးေတြရဲ႔ ဆိုင္ကယ္ကိုလုယူဖို႔ႀကိဳးစားေသးတယ္လို႔ သိရပါတယ္။

ဆိုင္ကယ္ကို လုမရတဲ့ အတြက္ အနားက ကားေတြဆီ ေသနတ္နဲ႔ ထပ္ပစ္ရာမွာ က်ည္မထြက္ေတာ့တာေၾကာင့္ ပတ္ဝန္းက်င္က ဝိုင္းဝန္းဖမ္းဆီးရာမွာ တစ္ဦးကို ဖမ္းဆီးမိၿပီး က်န္တစ္ဦးကေတာ့ ထြက္ေျပးလြတ္ေျမာက္သြားပါတယ္။

“အမ်ိဳးသားနဲ႔အမ်ိဴးသမီးပစ္ခတ္ရၿပီး လဲက်သြားတယ္။ မိန္းမျဖစ္သူကေတာ့မလႈပ္ဘူး၊ ပစ္တဲ့လူကေျခလ်င္ထြက္ေျပးၿပီး ဖိနပ္ဆိုင္က ထြက္လာတဲ့ ေကာင္မေလးေတြရဲ႕ဆိုင္ကယ္ကို လုဖို႔ႀကိဳးစားတယ္။ ေဘးကလူေတြကလည္း ေနာက္ကလိုက္ဖမ္းလို႔ တစ္ေယာက္မိတယ္။ ဟု ဝိုင္းဝန္းဖမ္းဆီးေပးခဲ့သူ အမ်ိဳးသားတစ္ဦးကေျပာသည္။

ေသနတ္နဲ႔ ပစ္ခံရသူႏွစ္ဦး ထဲက အမ်ိဴးသမီးဟာ ေသဆံုးသြားၿပီး က်န္အမ်ိဴးသားကေတာ့ မႏၱေလးေဆးရံုႀကီးမွာ ေဆးကုသမႈခံယူေနပါတယ္။

ဖမ္းဆီးမိထားတဲ့ တရားခံတစ္ဦးကို ေအာင္ပင္လယ္နယ္ေျမရဲစခန္းမွာ စစ္ေဆးေနတယ္လို႔ သိရပါတယ္။

ရဲတပ္ဖြဲ႔ကေတာ့ ဒီျဖစ္စဥ္နဲ႔ပက္သက္ၿပီး တရားဝင္ထုတ္ျပန္တာမရွိေသးပါဘူး။

ရုပ္သံသတင္းေထာက္-ၿဖိဳးၿဖိဳးေဇာ္

Unicode

မန္တလေးမြို့တွင် နေ့ခင်းကြောင်တောင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီး ၁ ဦးသေဆုံး

သြဂုတ်-၁၃ ၊၂၀၁၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၅ လမ်းပေါ်မှာ ဒီနေ့မနက် ၁၁ နာရီခန့်က အမျိုးသား၁ ဦးနဲ့ အမျိုးသမီး ၁ ဦး သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။

သေနတ်ပစ်သူတွေဟာ အမျိုးသားနှစ်ဦး ဖြစ်ပြီး သေနတ်နဲ့ ပစ်သွားပြီးထွက်ပြေးရာကနေ အနီးက ဖိနပ်ဆိုင်က ထွက်လာတဲ့မိန်းကလေးတွေရဲ့ ဆိုင်ကယ်ကိုလုယူဖို့ကြိုးစားသေးတယ်လို့ သိရပါတယ်။

ဆိုင်ကယ်ကို လုမရတဲ့ အတွက် အနားက ကားတွေဆီ သေနတ်နဲ့ ထပ်ပစ်ရာမှာ ကျည်မထွက်တော့တာကြောင့် ပတ်ဝန်းကျင်က ဝိုင်းဝန်းဖမ်းဆီးရာမှာ တစ်ဦးကို ဖမ်းဆီးမိပြီး ကျန်တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားပါတယ်။

“အမျိုးသားနဲ့အမျိူးသမီးပစ်ခတ်ရပြီး လဲကျသွားတယ်။ မိန်းမဖြစ်သူကတော့မလှုပ်ဘူး၊ ပစ်တဲ့လူကခြေလျင်ထွက်ပြေးပြီး ဖိနပ်ဆိုင်က ထွက်လာတဲ့ ကောင်မလေးတွေရဲ့ဆိုင်ကယ်ကို လုဖို့ကြိုးစားတယ်။ ဘေးကလူတွေကလည်း နောက်ကလိုက်ဖမ်းလို့ တစ်ယောက်မိတယ်။ ဟု ဝိုင်းဝန်းဖမ်းဆီးပေးခဲ့သူ အမျိုးသားတစ်ဦးကပြောသည်။

သေနတ်နဲ့ ပစ်ခံရသူနှစ်ဦး ထဲက အမျိူးသမီးဟာ သေဆုံးသွားပြီး ကျန်အမျိူးသားကတော့ မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေပါတယ်။

ဖမ်းဆီးမိထားတဲ့ တရားခံတစ်ဦးကို အောင်ပင်လယ်နယ်မြေရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး တရားဝင်ထုတ်ပြန်တာမရှိသေးပါဘူး။

ရုပ်သံသတင်းထောက်-ဖြိုးဖြိုးဇော်

Recommended