နှစ် ၃၀ပြည့် ရှစ်လေးလုံး အခမ်းအနား မန္တလေး ဓမ္မသာလာခန်းမတွင် ကျင်းပ================ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံနှစ်(၃၀)ပြည့်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊သြ
  • 6 years ago
နှစ် ၃၀ပြည့် ရှစ်လေးလုံး အခမ်းအနား မန္တလေး ဓမ္မသာလာခန်းမတွင် ကျင်းပ
================
ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံနှစ်(၃၀)ပြည့်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊သြဂုတ်လ (၇)ရက်၊ နံနက်ပိုင်းက မန္တလေးမြို့၊၈၄ လမ်းနှင့် ၃၁ လမ်းထောင့်ရှိ ဓမ္မသာလာခန်းမ တွင်ပြုလုပ်ကျင်းစဉ်။

အဆိုပါအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်နှင့် ရဟန်းပြည်သူများတက်ရောက်ခဲ့ကြသည်။ရှစ်လေးလုံး လူထုဒီမိုကရေစီအရေးတော်ပုံ နှစ်(၃၀)ပြည့် အခမ်းအနားကို နှစ်ရက်တိုင် ကျင်းပသွားမည်ဖြစ်ပြီး လူထုဒီမိုကရေစီအရေးတော်ပုံဆိုင်ရာ ဓာတ်ပုံ၊ပန်းချီ၊ ကာတွန်းများကို ပြသမည်ဖြစ်ကြောင်း နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်း၊သံဃာ့ဒါနဆွမ်းလောင်းလှူခြင်းနှင့် မန္တလေးလေးပြင်လေးရပ်ရှိဆရာတော်၊ သံဃာတော်များကိုဆွမ်း ဆပ်ကပ်ခြင်းများပြုလုပ်သွားမည်ဖြစ်သည်။

ရိုက်ကူး-အောင်ကိုဦး

တည်းဖြတ်-ဇေယျာမော်
Recommended