ဒီတစ်ခါ ရန်ကုန်သူမီရှဲက ရွှေတိဂုံဘုရားတောင်ဘက်မုဒ်ခြေရင်းမှာ ရှိတဲ့ အထိမ်းအမှတ်ဂူဗိမာန်လေးခုကို လေ့လာခဲ့ပါတယ်။ ထွေထွေထူးထူးကြည့်စရာမရှိပေမဲ့ ဒီလူပုဂိုလ်တစ်ယောက်ချင်းစီအကြောင်းကို လေ့လာကြည့်တော့ ထူးချွန်ထက်မြက်တဲ့လူ၊ ရာဇဝင် သမိုင်းကြောင်းအပြည့်ကိုယ်စီနဲ့ပါ။ ဒီလူတွေကို လေးစားအတုယုရအောင် အမြဲအမှတ်ရနေအောင် အထိမ်းအမှတ်အနေနဲ့ရှိနေပါတယ်။
ဒီမှာလဲလျောင်းနေတဲ့ ပုဂိုလ်တွေက
ဆရာကြီး သခင်ကိုယ်တော်မှိုင်း
ခေါ်ခင်ကြည်
စုဘုရားလတ်
ဦးသန့် ပဲဖြစ်ပါတယ်။
ဖွင့်တဲ့အချိန်တွေကတော့ မနက်ဆယ်နာရီကနေ ညနေလေးနာရီအထိ ပိတ်ရက်မရှိဖွင့်ပါတယ်။ နေရာတစ်နေရာကို သွားတော့မယ်ဆိုရင် ပတ်သတ်သမျှကို ရှာဖတ်ကြည့်ကြည့်ပါ။ မသိတဲ့အကြောင်းအရာတွေ ဆက်စပ်ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ မီရှဲဆို သခင်ကိုယ်တော်မှိုင်းအကြောင်း သိပ်မသိပါဘူး။ သူ့ရဲ့စာတွေက ဖတ်မိဖို့ အလှမ်းဝေးတာရယ်၊ ပတ်သတ်တဲ့စာအုပ်ကလည်း အလွယ်တကူမဖတ်ရတော့ မဖတ်မိဘူး။ အခုတော့ လိုက်လေ့လာနေတုန်းပါ။ ကျန်တဲ့ပုဂိုလိတွေကတော့ သိတဲ့လူများပါတယ်။ ဦးသန့်အကြောင်းကတော့ တစ်ခါပြောပြထားဖူးပါတယ်။ ဗီဒီယိုအချိန်အကန့်အသတ်ကြောင့် ပုဂိုလ်တွေအကြောင်းအများကြီး မပြောလိုက်နိုင်ဘူး။ ဒါပေမဲ့ ရောက်ဖြစ်ရင် ဝင်ပြီးလေ့လာကြည့်ပါဦးနော် ... ။
နောက်အပတ်တွေမှာလဲ ဘယ်လိုအကြောင်းအရာပြောမလဲ။ ဘယ်ကိုသွားမလဲ စောင့်ျှော်ပေးပါဦးနော် ...
ချစ်တဲ့
ရန်ကုန်သူမီရှဲ
Produced By IDEA LIVE
#yangonthumichelle #michellemayshell #သခင်ကိုယ်တော်မှိုင်း #ဒေါ်ခင်ကြည် #စုဘုရားလတ် #ဦးသန့်
Comments