Skip to playerSkip to main content
  • 7 years ago
ဇာတ်ကားသစ် ပြသချိန်မှာ ပရိသတ်တွေကိုနှုတ်ဆက်ခဲ့တဲ့ ဘောလိဝုဒ် ကြယ်ပွင့်တွေ

စက်တင်ဘာ-၃၀၊၂၀၁၈

ဘောလိဝုဒ် ဇာတ်ကားသစ် Pataakhaကို လာရောက် အားပေး ကြည့်ရှုတဲ့ ပရိသတ်တွေကို ရုပ်ရှင်ရုံမှာ သရုပ်ဆောင်တွေကိုယ်တိုင် နှုတ်ဆက်ခဲ့ကြပါတယ်။

ဇာတ်မြူး ဒရာမာ ဇာတ်ကားသစ်ကို အခုသီတင်းပတ်ကုန်မှာ အိန္ဒိယက ရုပ်ရှင်ရုံ တော်တော်များများမှာ စတင် ရုံတင်ခဲ့ပါတယ်။ အိန္ဒိယရဲ့ အနုပညာ မြို့တော်လို့ တင်စားခံရတဲ့ မွမ်ဘိုင်းမှာတော့ ဇာတ်ကားထဲက သရုပ်ဆောင်တွေကိုယ်တိုင် ဆီးကြို နှုတ်ဆက်နေတာကြောင့် ရုပ်ရှင်ရုံကို သွားရောက်တဲ့ ပရိသတ်တွေ အံ့ဩ ပျော်ရွှင်ခဲ့ကြပါတယ်။

ဒီဇာတ်ကားမှာ မင်းသမီး ရက်ဒီခါ မက်ဒန်နဲ့ ဆန်ညာ မယ်လ်ဟိုထရာတို့က ဦးဆောင် ပါဝင်ထားကြပြီး ဗီဂျေးရက်ဇ်နဲ့ ဆူနီးလ် ဂရိုဗာတို့ကလည်း အားဖြည့်ထားကြပါတယ်။

မယ်လ်ဟိုထရာ အတွက်တော့ ရုပ်ရှင် ဇာတ်ကားကြီး တစ်ခုမှာ ဒုတိယ အကြိမ်မြောက် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီဇာတ်ကားသစ်ကို စက်တင်ဘာ ၂၈ ရက်ကစပြီး ရုံတင် ပြသခဲ့တာလို့လည်း သိရပါတယ်။

Category

😹
Fun
Comments

Recommended