
  • 6 years ago

ဇူလိုင် - ၃၁၊၂၀၁၈




High Five သီချင်းရဲ့ Lyrics Video ကို မိစန္ဒီရဲ့ ဖေ့ဘုတ်စာမျက်နှာမှာကြည့်ရှုနိုင်ပြီဖြစ်ပြီး MTV ကိုတော့ လာမယ့် နိုဝင်ဘာထဲမှာ ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

=====================================================
(Unicode)

ခပ်မိုက်မိုက် Rap သီချင်းတစ်ပုဒ်အဖြစ် နားဆင်ရမယ့် မိစန္ဒီနဲ့ Luncifer တို့ရဲ့ High Five

ဇူလိုင် - ၃၁၊၂၀၁၈

တေးသံရှင် မိစန္ဒီနဲ့ အမေရိကန်အဆိုတော် Luncifer တို့ရဲ့ ခပ်မိုက်မိုက် Rap စာသားတွေပေါင်းစပ်ထားတဲ့ High Five သီချင်းကို အွန်လိုင်းမှာ အခမဲ့နားဆင်နိုင်ပါပြီ။

High Five သီချင်းဟာ လူသားအချင်းချင်း ချစ်ခြင်းတရားတွေနဲ့ရှေ့ဆက်ကြပြီး တစ်ယောက်ကိုတစ်ယောက်ကူညီဖေးမကြဖို့အတွက် သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

မိစန္ဒီသီဆိုနေကျ အချစ်သီချင်းတွေက ကွဲထွက်ပြီးသီဆိုထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်သလို Luncifer နဲ့ ပူးပေါင်းတင်ဆက်ထားအတွက် ဒီသီချင်းရဲ့ သီချင်းစာသား၊ ဂီတဖန်တီးမှုအဆန်းတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

High Five သီချင်းရဲ့ Lyrics Video ကို မိစန္ဒီရဲ့ ဖေ့ဘုတ်စာမျက်နှာမှာကြည့်ရှုနိုင်ပြီဖြစ်ပြီး MTV ကိုတော့ လာမယ့် နိုဝင်ဘာထဲမှာ ရိုက်ကူးသွားမယ်လိုိ့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Recommended