Skip to playerSkip to main content
  • 7 years ago
အခ်စ္ေရးက ရႈပ္ေထြးေနတယ္ဆိုတဲ့ Mary

ဇူလုိင္ - ၂၅၊၂၀၁၈

လူငယ္ပရိသတ္ေတြရဲ႕ အားေပးမႈကို အမ်ားဆံုးခံရတဲ့ ေတးသံရွင္ Mary ရဲ႕ အခ်စ္ေရးဟာ လက္ရွိမွာ ရႈပ္ေထြးေနတာေၾကာင့္ ပရိသတ္ကို မခ်ျပျဖစ္တာလို႔ Mary က ရင္ဖြင့္လာပါတယ္။

Mary က အခ်စ္ေရး မွာ အနာဂတ္အိမ္ေထာင္ေရးကိုပါ ထည့္သြင္းစဥ္းစားေနတယ္လုိ႕ဆိုပါတယ္။

ဒါေၾကာင့္ ႏွစ္ဦးၾကားမွာရွိတဲ့ ခံယူခ်က္တူညီမႈေတြ၊ နားလည္မႈေတြရွိမွာသာ ေရရွည္လက္တြဲႏုိင္မွာျဖစ္တာမို႕ လက္ရွိ Mary ရဲ႕အခ်စ္ေရးဟာ အနည္းငယ္ရႈပ္ေထြးမႈေတြျဖစ္ေနတာလို႔ ဆိုပါတယ္။

Mary အေနနဲ႔ အနာဂတ္မိသားစုဘဝကို အေကာင္းဆံုးပံုေဖာ္ေပးႏုိင္တဲ့သူကိုသာ အိမ္ေထာင္ဦးစီးအေနနဲ႔ ေရြးခ်ယ္ခ်င္သလို ေရြးခ်ယ္ျဖစ္ခဲ့ရင္ ျမန္မာႏိုင္ငံသားကိုပဲ ေရြးခ်ယ္ျဖစ္လိမ့္မယ္လုိ႔ Mary ကေျပာပါတယ္။

Mary အေနနဲ႔ ဒီလထဲမွာပဲ “လိုသံုး” Single Song ကို အြန္လိုုင္းကေန ျဖန္႔ခ်ိသြားမွာျဖစ္ၿပီး ေနာက္လထဲမွာထြက္မယ့္ တစ္ကိုယ္ေတာ္အယ္လ္ဘမ္ အတြက္ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။

ရုပ္သံသတင္းေထာက္ - ေအးျမတ္

#Mary #လိုသုံး #Single Song #အခ်စ္ေရး #7DAY TV

(Unicode)

အချစ်ရေးက ရှုပ်ထွေးနေတယ်ဆိုတဲ့ Mary

ဇူလိုင် - ၂၅၊၂၀၁၈

လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အများဆုံးခံရတဲ့ တေးသံရှင် Mary ရဲ့ အချစ်ရေးဟာ လက်ရှိမှာ ရှုပ်ထွေးနေတာကြောင့် ပရိသတ်ကို မချပြဖြစ်တာလို့ Mary က ရင်ဖွင့်လာပါတယ်။

Mary က အချစ်ရေး မှာ အနာဂတ်အိမ်ထောင်ရေးကိုပါ ထည့်သွင်းစဉ်းစားနေတယ်လို့ဆိုပါတယ်။

ဒါကြောင့် နှစ်ဦးကြားမှာရှိတဲ့ ခံယူချက်တူညီမှုတွေ၊ နားလည်မှုတွေရှိမှာသာ ရေရှည်လက်တွဲနိုင်မှာဖြစ်တာမို့ လက်ရှိ Mary ရဲ့အချစ်ရေးဟာ အနည်းငယ်ရှုပ်ထွေးမှုတွေဖြစ်နေတာလို့ ဆိုပါတယ်။

Mary အနေနဲ့ အနာဂတ်မိသားစုဘဝကို အကောင်းဆုံးပုံဖော်ပေးနိုင်တဲ့သူကိုသာ အိမ်ထောင်ဦးစီးအနေနဲ့ ရွေးချယ်ချင်သလို ရွေးချယ်ဖြစ်ခဲ့ရင် မြန်မာနိုင်ငံသားကိုပဲ ရွေးချယ်ဖြစ်လိမ့်မယ်လို့ Mary ကပြောပါတယ်။

Mary အနေနဲ့ ဒီလထဲမှာပဲ “လိုသုံး” Single Song ကို အွန်လိုုင်းကနေ ဖြန့်ချိသွားမှာဖြစ်ပြီး နောက်လထဲမှာထွက်မယ့် တစ်ကိုယ်တော်အယ်လ်ဘမ် အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

#Mary #လိုသုံး #Single Song #အချစ်ရေး #7DAY TV

Category

😹
Fun
Be the first to comment
Add your comment

Recommended