ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို တက်ရောက်လာတဲ့ မြောက်ပိုင်းမဟာမိတ် ၇ဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော်ကနေ လေယာဉ်နဲ့ ပြန်ကြပြီဖြ

  • 6 years ago
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ တတိယအစည်းအဝေးကို တက်ရောက်လာတဲ့ မြောက်ပိုင်းမဟာမိတ် ၇ဖွဲ့ဟာ ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော်ကနေ လေယာဉ်နဲ့ ပြန်ကြပြီဖြစ်ပါတယ်။ မြောက်ပိုင်း(၇)ဖွဲ့ထဲက မိုင်းလားအဖွဲ့(NDAA)က ပုဂံကို ဘုရားဖူးသွားမှာဖြစ်ပြီး ကျန်တဲ့ ၆ဖွဲ့ကတော့ ညနေ ၃ နာရီလေယာဉ်နဲ့ ပြန်ကြတာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကဆက်ပြီးရှိနေမှာဖြစ်ပြီး နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နဲ့ ဆွေးနွေးချက်တွေ ကို ပြန်ရောက်တဲ့အခါ သေသေချာချာ ပြန်ဆွေးနွေးဖို့ရှိတယ်လို့ ကေအိုင်အို ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ဂွန်မော်က သတင်းထောက်တွေကို ပြောပါတယ်။

(ရိုက်ကူး- အောင်မြတ်သူ/မဇ္ဈိမ)
တည်းဖြတ်-ဇေယျာမော်

Recommended