Skip to playerSkip to main contentSkip to footer
  • 8 years ago
ဖွဲ့စည်းပုံ ဥပဒေပါ အချက်အလက် တချို့ကို ပြောင်းလဲပေးဖို့ ထိုင်းဘုရင်သစ်ရဲ့ တောင်းဆိုမှုကို လွှတ်တော်က တညီတညွတ်တည်း ထောက်ခံ သဘောတူခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီ ၁၃ ရက်မှာ ထိုင်းဘုရင် ရဲ့ ဖွဲ့စည်းပုံ ဥပဒေသစ်နဲ့ ပတ်သက်လို့ အချက်တချို့ ပြောင်းလဲပေးဖို့ အဆိုကို အာဏာသိမ်း စစ်အစိုးရ ချုပ်ကိုင်ထားတဲ့ ထိုင်းလွှတ်တော်မှာ အဆုံးအဖြတ် ခံယူခဲ့တာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ ဥပဒေသစ်ကို စစ်အစိုးရက ရေးဆွဲပြီး ပြီးခဲ့တဲ့နှစ်မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပ အတည်ပြုထားခဲ့ပါတယ်။ ဘုရင်ရဲ့ တောင်းဆိုမှုကို ထိုင်းလွှတ်တော်မှာ ထောက်ခံမဲ ၂၂၈ မဲ၊ ပျက်ကွက်မဲ ၃ မဲ၊ ကန့်ကွက်မဲ လုံးဝမရှိဘဲ ထောက်ခံ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Category

🗞
News

Recommended

15:37