မော်တော်ယာဉ် ဥပဒေ အပြောင်းအလဲကြောင့် ကားဈေးကွက် ရပ်နားထားရ (ရုပ်/သံ)

  • 6 years ago
မန္တ​လေး ဇူလိုင်​ ၉ရက်​​နေ့ နံနက်​ပိုင်းက မန္တ​လေးမြို့ မဟာ​အောင်​​မြေမြို့နယ်​ လမ်း၆၀ -၃၅×၃၆ ကြားရှိ ပြည်​ကြီးမျက်​ရှင်​ ယာဉ်​​ရောင်းဝယ်​​ရေးစခန်းအတွင်း ပြုလုပ်​​သောသတင်းစာရှင်းလင်းပွဲတွင်​ ​မော်​​တော်​ယာဉ်​ ဥပ​​ဒေအ​ပြောင်းအလဲမူဝါဒ​ကြောင့်​ ကုန်းလမ်းပို့​ဆောင်​​ရေးညွှန်ကြားမှု ဦးစီးဌာနတွင် သက်​တမ်းတိုးလျှင်​ ကားများဖျက်​သိမ်းခြင်း၊အ​ရေးယူ​ဆောင်​ရွက်​ခြင်းကိစ္စများ​ပြုလုပ်​​နေခြင်း​ကြောင့်​ ကားအ​ရောင်းအဝယ်​​လောကရပ်​နား​နေရ​ကြောင်းသိရသည်​။

ရှင်းလင်းပွဲတွင်​ ​မော်​​တော်​ယာဉ်​ ​ဖောက်​စွပ်​ ယခင်​ W.R.T.A ​ပြောင်းလဲမ​ပေး​တော့ဘဲ မူဝါဒ​ပြောင်းကာ သိမ်းယူခံရခြင်း၊ ဖမ်းစီးအ​ရေးယူခြင်းများပြုလုပ်​​နေသဖြင့်​ ကား​ရောင်းဝယ်​​ရေးစခန်းအတွင်း အ​ရောင်းအဝယ်​လုပ်​​နေသူများ ဆုံးရှုံးနစ်​နာမှုများရှိ​ကြောင်း သိရသည်။

Recommended