ဇင်ဘာဘွေနိုင်ငံမှာ စနေနေ့က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဒုတိယ သမ္မတ ကွန်စတန်တင်း ချီဝဲန်ဂါက ဒါဟာ အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ သမ္မတ အမ်မာဆ

  • 6 years ago
ဇင်ဘာဘွေနိုင်ငံမှာ စနေနေ့က ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်လို့ ဒုတိယ သမ္မတ ကွန်စတန်တင်း ချီဝဲန်ဂါက ဒါဟာ အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

သမ္မတ အမ်မာဆင် မနန်ဂါဂွာရဲ့ ချီတက်ပွဲမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး လူ တဦးသေဆုံးပြီး ၄၈ ယောက်ထက် မနည်း ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာ က ပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ သတင်းပေးနိုင်သူကို ဆုငွေ ချီးမြှင့်ဖို့လည်း ကြေညာ ထားပြီး ဖြစ်ပါတယ်။ မစ္စတာ မနန်ဂါဂွာကတော့ ဒါသူ့ကိုလုပ်ကြံဖို့ ကြိုးစားတာဖြစ်တယ် ဒါပေမယ့်ဒီလိုလုပ်ရပ်ကြောင့် ရွေးကောက်ပွဲကိုမရပ်ဘဲ စီစဉ်ထားတဲ့အတိုင်း ရှေ့လထဲမှာ ရအောင်ကျင်းပသွားမယ်လို့ဆိုပါတယ်။
အဲဒီမှာ ပေါက်ကွဲမှု မဖြစ်ခင်က ဘယ်လိုဘယ်ပုံမဲဆွယ်နေကြသလဲ ရှုစားရအောင်ပါ။ ကိုသိန်းမြတ်က ပြောပြမှာပါ။

Recommended