လာမယ့်ပွဲမှာလည်း မြန်မာတွေဂုဏ်တက်ဖို့ အောင်လအန်ဆန်ကြိုးစားမယ် ဇွန် ၂၄၊ ၂၀၁၈လာမယ့် ၂၉ ရက်နေ့ သောကြာနေ့မှာတော့ MMA မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ဖို့ အောင်လအန်

  • 6 years ago
လာမယ့်ပွဲမှာလည်း မြန်မာတွေဂုဏ်တက်ဖို့ အောင်လအန်ဆန်ကြိုးစားမယ်

ဇွန် ၂၄၊ ၂၀၁၈

လာမယ့် ၂၉ ရက်နေ့ သောကြာနေ့မှာတော့ MMA မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ဖို့ အောင်လအန်ဆန်နဲ့ ဂျပန်နိုင်ငံသား ကန်ဟက်ဆီဂါဝါ တို့ယှဉ်ပြိုင်ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

သောကြာနေ့ ညနေ ၆ နာရီခွဲမှာ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ ၁ မှာ ယှဉ်ပြိုင်ထိုးသတ်ကြမှာပါ။

အဲဒီနေ့ပွဲမှာတော့ မြန်မာတွေဂုဏ်တက်စေဖို့ အောင်လအန်ဆန်က ကြိုးစားသွားမယ်လို့ ပြောပါတယ်။

မကြာမီယှဉ်ပြိုင်ထိုးသတ်မယ့် ခါးပတ်လု ချန်ပီယံပွဲအတွက် အောင်လအန်ဆန်အနေနဲ့ လေ့ကျင့်ခန်း၉ ပတ်တိတိ မပျက်မကွက် အားကြိုးမာန်တက် လေ့ကျင့်ခဲ့တယ်လို့လည်း ပြောပါတယ်။

သူ့အတွက် ဒီပွဲမှာလည်း ပရိသတ်တွေ စိတ်မပျက်စေဖို့နဲ့မြန်မာ့ဂုဏ်ကို ဆောင်နိုင်ဖို့အစွမ်းကုန်ကြိုးစားသွားမယ်လို့ ကတိပေးကြောင်းလည်း ပြောပါတယ်။

အောင်လအန်ဆန်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် အသက် ၃၁နှစ်အရွယ် ဂျပန်နိုင်ငံသား ကန်ဟက်ဆီဂါဝါဟာ MMA ပြိုင်ပွဲ ၁၉ ပွဲထိုးသတ်ပြီး၊ ၁၆ ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။

အောင်လန်အန်ဆန်ကတော့ MMA ပြိုင်ပွဲ ၃၂ ပွဲ ထိုးသတ်ထားပြီး၊ ၂၂ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားတာပဲ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက် - ယဉ်မွန်