မင်းဘူး(စကု)မြို့ ရေကြီးရေလျှံဖြစ် (ရုပ်/သံ)ဧရာဝတီ ၊ ဇွန် ၁၇ ၊ ၂၀၁၈စကုမြို့တွင် မန်းချောင်းနှင့် နွားကူးချောင်း ရေလျှံမှုကြောင့် အိမ်ထောင်စုပေါင်း ၆၈၉စု လူဦ

  • 6 years ago
မင်းဘူး(စကု)မြို့ ရေကြီးရေလျှံဖြစ် (ရုပ်/သံ)

ဧရာဝတီ ၊ ဇွန် ၁၇ ၊ ၂၀၁၈

စကုမြို့တွင် မန်းချောင်းနှင့် နွားကူးချောင်း ရေလျှံမှုကြောင့် အိမ်ထောင်စုပေါင်း ၆၈၉စု လူဦးရေ ၂၇၈၅ဦး ရေဘေးဒုက္ခခံစားနေရသလို ပွင့်ဖြူမြို့နယ်တွင် မုန်းချောင်းရေလျှံမှုကြောင့်လူဦးရေ ၈၇၇၆ဦး ရေဘေးဒုက္ခခံစားနေရကြောင်း သိရသည်။

စကုမြို့ရှိ မန်းချောင်းရေသည် ဇွန်လ ၁၃ရက်နေ့က ၅ပေခန့်အထိမြင့်တက်ခဲ့ရာ ယခုအခါရေပြန်လည်ကျနေပြီဖြစ်သော်လည်း မူလမန်းချောင်းရေအမှတ်သို့ ပြန်မရောက်သေးသဖြင့် ရေဘေးသင့်ပြည်သူများအနေဖြင့် နေအိမ်များသို့ ပြန်လည်နေထိုင်၍မရသေးသောကြောင့် ရေဘေးရှောင်စခန်းများ၌ဆက်လက်နေထိုင်ကြရဦးမည်ဖြစ်သည်။

ရိုက်ကူး- ဒီလှိုင်းဝင်း ၊ ဇော်ဇော်

Recommended