
  • 6 years ago

ဇွန် - ၁၂ ၊၂၀၁၈



Unicode

အတိတ်ကို အတိတ်မှာထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ ထရမ့်နဲ့ ကင်မ်

ဇွန် - ၁၂ ၊၂၀၁၈

သမိုင်းဝင်ဆွေးနွေးပွဲကို ကျင်းပနိုင်ခဲ့ပြီဖြစ်ပြီးတော့ ထရမ့်နဲ့ ကင်မ်ဟာ အတိတ်ကိုအတိတ်မှာထားခဲ့ဆုံးဖြတ်ခဲ့တယ် ပြောပါတယ်။ ပြီးတော့လည်း သူတို့နှစ်ဦးရေးထိုးလိုက်တဲ့သတဘောတူညီမှုဟာ အင်မတန်အရေးကြီးတဲ့ သဘောတူညီမှုဖြစ်ပြီးတော့ အထင်ကရအပြောင်းအလဲကို တစ်ကမ္ဘာလုံးကမြင်ရတော့မယ်လို့ ထရမ့်က ပြောဆိုလိုက်တာပါ။

ခေါင်းဆောင်နှစ်ဦးလက်မှတ်ရေးထိုးလိုက်တဲ့ သဘောတူညီချက်မှာ ဘာတွေပါတယ်ဆိုတာ မသိရသေးပေမယ့် မြောက်ကိုရီးယား၊ ကိုရီးယားကျွန်းဆွယ်နဲ့ ဆက်စပ်တဲ့ ဆက်ဆံရေး ပုံစံတစ်ခုလုံးဟာ အတိတ်ကနဲ့ အများကြီး ကွာခြားသွားပြီလို့ ထင်ပါတယ်လို့ ထရမ့်က ပြောပါတယ်။