
  • 6 years ago

ဧပြီ -၃၀ ၊ ၂၀၁၈







Unicode

ထိုင်းလိဂ်ရဲ့ဂိုးသွင်းအများဆုံးစာရင်းမှာပါနေတဲ့ အောင်သူ

ဧပြီ -၃၀ ၊ ၂၀၁၈

ထိုင်းလိဂ်ရောက် မြန်မာတိုက်စစ်မှုး အောင်သူဟာ PoliceTeroအသင်းနဲ့ သူ့ရဲ့ ပထမဆုံးရာသီမှာဘဲ ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို (၄)ကြိမ်ထိ ရထားပြီး ခြေစွမ်းပြနေပါတယ်။

ဒါ့အပြင် အောင်သူဟာ (၁၃)ပွဲမှာ (၇)ဂိုးသွင်းယူထားနိုင်ပြီး ဂိုးသွင်းအများဆုံးကစားသမားတွေ စာရင်းမှာလဲ ပါဝင်နေတာပါ။

မနေ့က ပတ္တရားအသင်းကို သုံးဂိုးတစ်ဂိုး နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလဲ အောင်သူက တစ်ဂိုးသွင်းနိုင်ခဲ့ပြီး အကောင်းဆုံးကစားသမားဆုရခဲ့တာဖြစ်ပါတယ်။

PoliceTeroကတော့ ဒီရာသီ ထိုင်းလိဂ်(၁၃)ပွဲမှာ ၅ပွဲနိုင်ထားပြီး အဆင့် ၁၂နေရာမှာ ရပ်တည်နေပါတယ်။

အခု ဘောလုံးရာသီမှာ အောင်သူဟာ ထိုင်းလိဂ်-၁ကလပ် Police Tero အသင်းကို လစာ ဒေါ်လာ ၇၀၀၀နဲ့ တစ်ရာသီအငှားစာ ချုပ်ချုပ်ဆိုထားခဲ့တာပါ။

ရုပ်သံသတင်းထောက်-မြတ်သီဟမောင်

Category

😹
Fun

Recommended