
  • 6 years ago

မေ - ၁ ၊၂၀၁၈


အဲဒီဆင်စခန်းဟာ ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် ၈၃ မိုင် အနောက်ဖက်မှာရှိတဲ့ ရဲနွယ်သစ်တောကြိုးဝိုင်းအတွင်းမှာ တည်ထောင်မှာဖြစ်ပြီး ဒီကနေ့မှာတော့ စီမံကိန်းမြေနေရာမှာ ပန္နက်ရိုက် အခမ်းအနားကျင်းပခဲ့ပါတယ်။




#7Daytv #ဆင်စခန်း

(Unicode)

ဆင်ကောင်ရေသုံးရာလောက်စောင့်ရှောက်မယ့် ဆင်စခန်း စီမံကိန်းစတင်

မေ - ၁ ၊၂၀၁၈

အရှေ့တောင်အာရှရဲ့ အကြီးဆုံး ဆင်စခန်းတစ်ခုဖြစ်လာမယ့် ဆင်ရေကန်စခန်း ကို ရဲနွယ်သစ်တော ကြိုးဝိုင်းအတွင်းမှာ တည်ထောင်သွားတော့မှာပါ။

အဲဒီဆင်စခန်းဟာ ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ် ၈၃ မိုင် အနောက်ဖက်မှာရှိတဲ့ ရဲနွယ်သစ်တောကြိုုးဝိုင်းအတွင်းမှာ တည်ထောင်မှာဖြစ်ပြီး ဒီကနေ့မှာတော့ စီမံကိန်းမြေနေရာမှာ ပန္နက်ရိုက် အခမ်းအနားကျင်းပခဲ့ပါတယ်။

ဆင်ကောင်ရေ သုံးရာလောက် ပြု စုပျိုးထောင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး စီမံကိန်းကိုတော့ မြန်မာ့သစ်လုပ်ငန်း နဲ့ သြစတြီးယားနိုင်ငံ four paws international တိရစ္ဆာန်ကာကွယ် စောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

စီမံကိန်းအတွက် သစ်တောဦးစီးဌာနက မြေနေရာအသုံးပြုခွင့်နဲ့ဌားရမ်းခွင့်တွေကို စီမံပေးတာဖြစ်ပြီး လူမှုရေးလုပ်ငန်းတွေကိုဆောင်ရွက်နေတဲ့ မင်္ဂလာမြန်မာအဖွဲ့ကတော့ ဒေသခံတွေနဲ့ ဆင်ဦးစီးတွေရဲ့ လူမှု ဘဝဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

#7Daytv #ဆင်စခန်း

Recommended