Skip to playerSkip to main content
  • 8 years ago
ၾသစေၾတးလ်ေရာက္ဦးဝင္းထိန္ မတ္လ ၂၄ ရက္ ျပန္လာမယ္

မတ္ - ၁၉ ၊၂၀၁၈

ၾသစေၾတးလ်ႏိုင္ငံကိုေရာက္ရိွေနတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ထိပ္ပိုင္းေခါင္းေဆာင္ တစ္ဦးျဖစ္သူ ဦးဝင္းထိန္ဟာ မတ္လ ၂၄ ရက္ မနက္ပိုင္းမွာ ျမန္မာႏိုင္ငံကို ျပန္လည္ေရာက္ရိွလာမယ္လို႕ ဦးဝင္းထိန္နဲ႕ နီးစပ္သူတစ္ဦးဆီက သိရပါတယ္။

ဦးဝင္းထိန္ဟာ ဇန္နဝါရီလ ပိုင္းက ၾသစေၾတးလ် ႏိုင္ငံကို ထြက္ခြာသြားၿပီး ပါတီကို အေၾကာင္းၾကားတာ မရိွခဲ့ဘူးလို႕ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးဥာဏ္ဝင္းကအေစာပိုင္းက သတင္းေထာက္ေတြကို ေျပာ ထားပါတယ္။

အဲဒီလိုၾသစေၾတးလ်ႏိုင္ငံကို ထြက္ခြာသြားၿပီးတဲ့ေနာက္မွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္နဲ႕ ဦးဝင္းထိန္ တို႕အၾကားမွာ သတင္းမ်ိဳးစုံ ထြက္ေပၚမႈေတြရိွခဲ့ပါတယ္။

မတ္လ ၁၈ ရက္မွာေတာ့ ၾသစေၾတးလ်ႏိုင္ငံကိုေရာက္ရိွေနတဲ့ ေဒၚေအာင္ဆန္းစုၾကည္ နဲ႕ ဦးဝင္းထိန္ တို႕ေတြ႕ဆုံထားခဲ့ပါတယ္။

အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ ရဲ႕ ပါတီထိပ္ပိုင္းေခါင္းေဆာင္ေတြပါဝင္တဲ့ ဗဟိုအလုပ္အမႈေဆာင္အစည္း အေဝးကို မတ္လ ၂၄ ရက္မွာ ျပဳလုပ္ဖို႕ရိွတယ္လို႕ သိထားရပါတယ္။

သတင္း - ေစာေအာင္မင္းဦး ၊ ဓာတ္ပုံ - ေဂ်ေမာင္ေမာင္၊ စိုင္းေဇာ္

#ဦးဝင္းထိန္ #ၾသစေၾတးလ် #7DAY TV #Local News

(7Day News ဂ်ာနယ္ႏွင့္ 7Day Daily သတင္းစာရဲ့ ႐ုပ္သံတင္ဆက္မႈေတြကို 7Day TV ေဖ့စ္ဘြတ္စာမ်က္မွာ ဝင္ေရာက္ ၾကည့္ရႈနိုင္မွာျဖစ္ပါတယ္။)

(Unicode)

သြစတြေးလျရောက်ဦးဝင်းထိန် မတ်လ ၂၄ ရက် ပြန်လာမယ်

မတ် - ၁၉ ၊၂၀၁၈

သြစတြေးလျနိုင်ငံကိုရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ဟာ မတ်လ ၂၄ ရက် မနက်ပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာမယ်လို့ ဦးဝင်းထိန်နဲ့ နီးစပ်သူတစ်ဦးဆီက သိရပါတယ်။

ဦးဝင်းထိန်ဟာ ဇန်နဝါရီလ ပိုင်းက သြစတြေးလျ နိုင်ငံကို ထွက်ခွာသွားပြီး ပါတီကို အကြောင်းကြားတာ မရှိခဲ့ဘူးလို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းကအစောပိုင်းက သတင်းထောက်တွေကို ပြော ထားပါတယ်။

အဲဒီလိုသြစတြေးလျနိုင်ငံကို ထွက်ခွာသွားပြီးတဲ့နောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဦးဝင်းထိန် တို့အကြားမှာ သတင်းမျိုးစုံ ထွက်ပေါ်မှုတွေရှိခဲ့ပါတယ်။

မတ်လ ၁၈ ရက်မှာတော့ သြစတြေးလျနိုင်ငံကိုရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းထိန် တို့တွေ့ဆုံထားခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်တဲ့ ဗဟိုအလုပ်အမှုဆောင်အစည်း အဝေးကို မတ်လ ၂၄ ရက်မှာ ပြုလုပ်ဖို့ရှိတယ်လို့ သိထားရပါတယ်။

သတင်း - စောအောင်မင်းဦး ၊ ဓာတ်ပုံ - ဂျေမောင်မောင်၊ စိုင်းဇော်

#ဦးဝင်းထိန် #သြစတြေးလျ #7DAY TV #Local News

(7Day News ဂျာနယ်နှင့် 7Day Daily သတင်းစာရဲ့ ရုပ်သံတင်ဆက်မှုတွေကို 7Day TV ဖေ့စ်ဘွတ်စာမျက်မှာ ဝင်ရောက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။)

Category

😹
Fun
Comments

Recommended