ရခိုင်အရေးကူညီဖို့ တောင်ကြီးမှာ အလှူ ငွေ ပေးအပ်ပွဲကျင်းပ

  • 7 years ago
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ဘေးဒုက္ခခံစား နေရတဲ့ တိုင်းရင်းသားတွေကို ကူညီဖို့အတွက် ရှစ်လေးလုံးဆရာတော်ဦးဆောင်ပြီး အလှူ ငွေပေးအပ်ပွဲကို တောင်ကြီးမြို့ ၊ အောင်မြေဘုံစံကျောင်းတိုက် မှာ ဒီကနေ့ ပြုလုပ်တာပါ။

ရှစ်လေးလုံး ဆရာတော် ဦးခေမာနန္ဒက ဦးဆောင်ပြီး တောင်ကြီးမြို့ က စေတနာရှင်တွေ၊ ဌာန ဆိုင်ရာ တွေ၊ ရှမ်းပြည်နယ် ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ တွေထံက ကောက်ခံရရှိ လှူဒါန်းထားတဲ့ အလှူ ငွေ ကျပ် ၃၈၂ သိန်း ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို ပေးအပ်လှူ ဒါန်းခဲ့တာဖြစ်ပါတယ်။

အဲဒီအလှူ ငွေတွေကိုတော့ ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ တဆင့် ရခိုင်ပြည်နယ် အစိုးရကို တိုက်ရိုက် လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ် အစိုးရ အဖွဲ့ကလည်း ရှမ်းပြည်နယ် တစ်ဝန်လုံးက စေတနာရှင် အလှူရှင်တွေက လှူဒါန်းထားတဲ့ အလှူ ငွေကလည်း ကျပ်သိန်း ကိုးရာကျော် ရထားတာဖြစ်ပြီး အလှူ ငွေ အားလုံးကို စုစည်း ပြီး လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။

ရုပ်သံသတင်းထောက် - ဂျွန်ချစ်ငြိမ်း

Recommended