Skip to playerSkip to main contentSkip to footer
  • 8 years ago
မီးပုံးပျံပွဲတော်နဲ့ နာမည်ကြီးတဲ့ တောင်ကြီးမြို့ရဲ့ မြို့မဈေးထဲမှာ ဗျောက်အိုး၊ မီးရှုး ၊မီးပန်းရောင်းချမှုရှိမရှိကို ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ဆေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဒီနေ့ အောက်တိုဘာ ၃ ရက်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အပါအဝင် ပူးပေါင်းအဖွဲ့က ရှောင်တခင်စစ်ဆေးခဲ့တာလို့ သိရပါတယ်။ ပျံကျ ဈေးသည် ၁၆ ဆိုင်ကို စစ်ဆေးခဲ့ပြီးနောက် ဈေးသည်တစ်ဦးဆီက ဗျောက်အိုး ၊ မီးရှုး၊ မီးပန်း ၊ ရှုးဒိုင်း ၊ ခိုပျံအစရှိသည် ပစ္စည်း ခြောက်သောင်းကျော်ဖိုးကို ရှာဖွေသိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိခဲ့သည့် မီးရှုး မီးပန်းရောင်းချသည့် ပျံကျ ဈေးသည်အား ဒေသန္တရ အမိန့်အရ အမှုဖွင့်အရေးယူသွားမယ်လို့ သိရပါတယ်။တောင်ကြီးမြို့နယ်ထဲမှာ အများပြည်သူ အထိတ်တလန့်ဖြစ်စေမယ့် ဗျောက်အိုး၊ မီးရှုး၊ မီးပန်းများ လက်ဝယ်ထားခြင်း၊ ရောင်းချခြင်း မလုပ်ဖို့ ဒေသန္တရ အမိန့်ကို စက်တင်ဘာ ၂၆ ရက်က ထုတ်ပြန်ထားတဲ့အတွက် တားမြစ်ချက်ကို ဖောက်ဖျက်ရင် ပြစ်မှုဆိုင်ရာ ဥပဒေတွေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။

ရုပ်သံသတင်းထောက်-ဂျွန်ချစ်ငြိမ်း

Category

🗞
News

Recommended

15:37