Skip to playerSkip to main content
  • 8 years ago
တစ်ချိန်က ပရိသတ်တွေရဲ့အချစ်တော် အကယ်ဒမီပန်းဖြူဟာ အနုပညာလောကထဲမှာ ၇နှစ်လောက် အဆက်အသွယ်ပျက်ခဲ့ပြီး ခန္ဓာကိုယ်ဝလာတဲ့ အဓိကအချက်ကြောင့် အနုပညာအလုပ်တွေကို ဆက်မလုပ်ဖြစ်တော့တာလို့ ဆိုပါတယ်။

အကယ်ဒမီ ပန်းဖြူအနေနဲ့ ပတ်ဝန်းကျင်ရဲ့ Body Shaming လုပ်တာ ခဏခဏခံရဖူးသလို တခါတလေမှာ ကိုယ့်ကိုယ်ကို အားငယ်မိတယ်လို့ ရင်ဖွင့်လာပါတယ်။

သူ့အနေနဲ့ ပရိသတ်တွေရဲ့ဝေဖန်မှုအပေါ်မှာ အပြစ်မမြင်ပေမယ့်လည်း Body Shaming အလုပ်ခံရတဲ့အပေါ်မှာလည်း ခံနိုင်ရည်ရှိအောင်ကြိုးစားနေတယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ပန်းဖြူ အနေနဲ့ လတ်တလောမှာ ဒါရိုက်တာ ကိုဇော် (အာရုဏ်ဦး)ရိုက်ကူးတဲ့ ဂယက်တွေပါဟယ် ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင်ထားသလို နောက်ပိုင်းမှာ ကာရိုက်တာနဲ့လိုက်တဲ့ ဇာတ်ကားတွေကို လက်ခံသွားဖို့ရှိတယ်လို့ ဆိုလာပါတယ်။

ရုပ်သံသတင်းထောက် - အေးမြတ်

Category

🗞
News
Be the first to comment
Add your comment

Recommended

15:37