ရခိုင်မှာ နိုင်ငံသားစိစစ်ရေးကတ်တွေကို Smart Card တွေနဲ့ လဲပေး
  • 7 years ago
ရခိုင်ပြည်နယ် အတွင်းက နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူတွေကို နိုင်ငံတကာအဆင့်မီ Smart Card တွေနဲ့ အစားထိုးလဲလှယ်ပေးနေပါတယ်။ ခုဆိုရင် သုံးရက်အတွင်း လူပေါင်းတစ်ထောင်ကျော်ကိုလဲလှယ်အစားထိုးပေးခဲ့တယ်လို့ သိရပါတယ်။ ရှေးပြေးစမ်းသပ်တဲ့လုပ်ငန်းတွေကို စစ်တွေမြို့မှာ ဇန်န၀ါရီ ၉ ရက်နဲ့ ၁၀ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ ဘူးသီးတောင်မြို့မှာ ဇန်နဝါရီ ၁၁ ရက်ကနေ စတင်ဆောင်ရွက်ပေးနေတာဖြစ်ပြီးတော့ ဇန်နဝါရီ ၁၃ ရက်အထိ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ရုပ်သံသတင်းထောက် - မောင်ကံ
Recommended