နှစ်တစ်ရာနီးပါးရှိတဲ့ ရှေးဟောင်းကားတွေပါ စုံစုံညီညီတွေ့ရမယ့် ပြပွဲ
  • 7 years ago
ဂန္တ၀င်ကားဟောင်းတွေကို စိတ်ဝင်စားတဲ့ ကားချစ်သူတွေ အတွက် နှစ်တစ်ရာနီးပါး သက်တမ်းရှိတဲ့ ကားတွေ အပါအ၀င်ရှေးဟောင်း ကားအစီးရေ ၄၀ ကျော်ကို တစ်နေရာထဲမှာ တွေ့ရတော့မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်က Myanmar Culture Valley မှာ မနက်ဖြန် စတင်ပြမယ့် ရှေးဟောင်းတန်ဖိုးရှိ ကားပြပွဲမှာဆိုရင် နှစ်တစ်ရာ နီးပါး သက်တမ်းရှိတဲ့ Morris-8 လို ကားတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ စနေနဲ့ တနင်္ဂနွေ နှစ်ရက်တာ ပြသမယ့် ရှေးဟောင်း ကားပြပွဲနဲ့ အတူ ရှေးဟောင်းပစ္စည်းတွေကို ချစ်မြတ်နိုးတဲ့သူတွေ အတွက် ရှေးဟောင်းတန်ဖိုးရှိ ပစ္စည်းတွေ ပြသမယ့် နေရာပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
ရုပ်သံ သတင်းထောက် - အလှလေး သူဇာ
Recommended