ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး အဖွဲ့ဝင်နဲ့ အရာရှိတွေကို လုပ်ထုံးလုပ်နည်းတွေ လေ့လာနိုင်ဖို့ ဆွေးနွေး

  • 7 years ago
နိုင်ငံတကာ ခုံရုံးတွေရဲ့ ကျင့်သုံးပုံ ကျင့်သုံးနည်းတွေကို လေ့လာသိရှိနိုင်ဖို့ အတွက် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးရှိ အဖွဲ့ဝင်တွေနဲ့ အရာရှိတွေကို နိုဝင်ဘာ ၂၅ ရက်ကစလို့ နေပြည်တော်ရှိ Kempinski ဟိုတယ်မှာ နှစ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ခုံရုံးရဲ့ တာဝန်တွေကတော့ ပြည်ထောင်စုအဆင့် လွှတ်တော်အပါအ၀င် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေရှိ လွှတ်တော်တွေက အတည်ပြုလိုက်တဲ့ ဥပဒေတွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီညွှတ်မှု ရှိမရှိကို စစ်ဆေးရပါတယ်။ လက်ရှိမှာတော့ အခြေခံ ဥပဒေခုံးရုံး အနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ တင်ပြထားတဲ့ ကိစ္စတွေကို စစ်ဆေးရေး အဖွဲ့တွေက စစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး ကြားနားဖို့ ရှိတယ်လို့ ဆိုပါတယ်။
ရုပ်သံသတင်းထောက် - မောင်သင်တုန်း

Recommended