၂၀၃၀ ကို HIV ပိုးကူးစက်မှုကင်းဝေးတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ရည်ရွယ်ဆောင်ရွက်မယ်လို့ ဝန်ကြီးဌာန ပြော

  • 7 years ago
လာမယ့် ၂၀၃၀ခုနှစ်မှာ HIVပိုး ကူးစက်မှုကင်းဝေးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်လာတဲ့အဆင့်ထိရောက်အောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

မြန်မာနိုင်ငံမှာ HIV/AIDSရောဂါ ကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေကို အမျိုးသားမဟာဗျူဟာစီမံကိန်းတွေကို ငါးနှစ်တစ်ကြိမ်ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအနေနဲ့ HIV/AIDSရောဂါ ကုသရေး၊ ကာကွယ်ရေးလုပ်ငန်းတွေအပြင် ပညာပေးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေရာ ဒီကနေ့ စက်တင်ဘာလ(၂၉)ရက်နေ့မှာ NLD AIDS Centerက လူနာတွေကို ပြုစုပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေကို နည်းစနစ်တကျပြုစုစောင့်ရှောက်ရမယ့်နည်းလမ်းတွေကို သက်ဆိုင်ရာဆရာဝန်ကြီးတွေက ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဝင်းမှာ သင်ကြားပေးမှာဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန အနေနဲ့ အခုလို ပြည်တွင်းအဖွဲ့အစည်းနဲ့ပူးပေါင်းပြီး သင်တန်းတွေပေးတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်ပိုင်းမှာလဲ နည်းစနစ်ပိုင်းဆိုင်ရာ သင်တန်းတွေပေးသွားဖို့ရှိတယ်လို့သိရပါတယ်။

ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

Recommended