နိဗ္ဗာန်ဈေး အလှူ

  • 7 years ago
ဒါကတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ နိဗ္ဗာန်ဈေး လှူဒါန်းကျွေးမွေးနေတဲ့မြင်ကွင်းတွေ ဖြစ်ပါတယ်။
အလှူရှင်တွေ အနေနဲ့ နိဗ္ဗာန်ဈေးကျွေးမွေးကြရာမှာ ကိုယ်တိုင်ပြုလုပ်ထားတဲ့ အစားအစာတွေအပြင် အသင့်စားသုံးလို့ရတဲ့ ခေါက်ဆွဲထုပ်၊ပေါင်မုန့်၊အအေးဘူး အစရှိတာတွေကိုလည်း လှူဒါန်း ကျွေးမွေးနေကြပါတယ်။ နိဗ္ဗာန်ဈေးကို ကျင်းပရာမှာ လာရောက်စားသုံးကြသူတွေက တန်းစီကြတာတွေရှိသလို မဲနှိုက်တဲ့စနစ်နဲ့လည်းပြုလုပ်တာတွေ ရှိပါတယ်။ နိဗ္ဗာန်ဈေးကို လာရောက်ကြသူတွေဟာ အပျော်တမ်း လာရောက်ကြသူတွေ ရှိသလို စားဝတ်နေရေး အတွက် လာရောက်ကြသူတွေလည်း ရှိပါတယ်။

ရုပ်သံသတင်းထောက် - အိမ့်မြတ်နိုးဇော်

Recommended